🌿ကျွန်မချစ်သော...သူ🌿
✨အပိုင်း(၁၀)✨"သစ်သစ်..."
ကားပေါ်ကဆင်းဆင်းချင်း အသံစူးစူးနဲ့ခေါ်လိုက်တဲ့အသံကြောင့်...စံချိန်ကောင်းလန့်သွားရသည်...
"ဘာလဲ သွေး အခုကျူရှင်မှာရှိနေရမှာမဟုတ်လား..."
အဖြူရောင်သွေး ဒဏ္ဍာရီနဲ့သစ်သစ်ရဲ့ညီမမှန်းတန်းသိလိုက်သည်...ကလေးပါရင် ပျော်စရာမကောင်းတော့တာကို...
ပုံမှန်စံချိန်ကောင်း အိမ်ကိုလိုက်လာတိုင်း အဖြူရောင်သွေးကကျူရှင်မှာရှိနေပြီးတော့ မိုးချုပ်မှ ပြန်ရောက်တာကြောင့် မတွေ့ဖြစ်ကြ...
သူအိပ်မဲ့ရက်မှ အဖြူရောင်သွေးကလည်း ကျူရှင်ပိတ်တယ်တဲ့...ဟူး
"ဒီနေ့ပိတ်တယ်..."
"ဘာလို့လဲ..."
"ဆရာမ နေမကောင်းလို့တဲ့...
သစ်သစ် ဒီကိုကိုကဘယ်သူလဲ..."နှစ်ယောက်သားစကားပြောနေရင်းမှ အဖြူရောင်သွေးက စံချိန်ကောင်းကို သတိထားမိပြီး လက်ညိုးထိုးမေးသည်...
"သစ်သစ်တို့သူငယ်ချင်း..."
"ဟုတ်လား ကိုကိုလိုဘဲ ချောတယ်..."
အဖြူရောင်သွေးရဲ့စကားကြောင့် စံချိန်ကောင်းမျက်နှာနီရဲလာရသည်...ကလေးကပြောတာကို ဘာလို့ရှက်နေတာလဲ...
စံချိန်ကောင်းမျက်နှာနီလာတာကို ရိပ်မိတဲ့မီမီသစ်က...
"ဆောရီးကောင်း သွေးက စိတ်ထဲကရှိတဲ့အတိုင်းပြောတတ်တယ်..."
"ဪ အင်း..."
"သွေး ဒီကိုကိုကို မှတ်ထားနော် နောက်ကျရင်အမျိုးတော်ရမှာ..."
"သစ်သစ်ယူမှာလား..."
"ကျစ် သွေး နင်ကလည်း တုံးလိုက်တာ...အရင်တစ်ခါက ကိုကိုဒဏ္ဍာရီရဲ့ချစ်သူမှာမောင်ရှိတယ်လို့ပြောဖူးတယ်လေ..."
"ဪ အဲ့ကိုကိုလား..."
"ဟုတ်တယ်..."
"မဂ်လာပါ...သွေးက အဖြူရောင်သွေးပါ...အသက်(၁၂)နှစ်ရှိပြီ...ကိုကိုကရော..."
"စံချိန်ကောင်း..."
"ဟုတ်..."
"ကလေးတွေ ဘာလုပ်နေကြတာလဲ အိမ်ထဲမဝင်ဘဲနဲ့..."
YOU ARE READING
ကျွန်မချစ်သော သူ.../ကြၽန္မခ်စ္ေသာ သူ...[Completed]
Romanceမနဲ့မောင် အချစ်ဇာတ်လမ်း❤️ လူအများရှေ့မှာ ပထမဆုံးသဘောကျရတဲ့ကောင်လေးဆီက ငြင်းခံလိုက်ရတာကြောင့် အချစ်ကိုကြောက်သွားသည့်မဏိစန္ဒာ... အချစ်ကို ပုံစံတွေနဲ့သတ်မှတ်ထားပေမဲ့ မဏိ တစ်ကယ်ချစ်တဲ့သူက သတ်မှတ်ထားတဲ့ပုံစံနဲ့ကွာခြားနေခဲ့တဲ့အခါ...