🌿ကျွန်မချစ်သော...သူ🌿
✨အပိုင်း(၅)✨"ကျွန်တော်ပါ..."
မီမီသစ် ခပ်တည်တည်နဲ့ထရပ်လိုက်ပြီး ညီညီသော်ကို စူးစိုက်ကြည့်ကာ ဖြေလိုက်သည်....
"ကျောင်းသူ နာမည်က?..."
"မီမီသစ်ပါ..."
မီမီသစ်ဆိုတဲ့နာမည်က ညီညီသော့်ဦးနှောက်ထဲမှာ စွဲသွားရသည်...ဆရာကို မထီမဲ့မြင်လုပ်ခဲ့တဲ့ကျောင်းသူ...
ပြီးတော့ ညီနဲ့အသံတူပြီး ရုပ်အနည်းငယ်ဆက်သယောင်ရှိတဲ့ကျောင်းသူ မဟုတ်မှ သူကညီများလား မဖြစ်နိုင်တာ ညီက ယောကျာ်းလေးပဲကို...
ပြီးတော့ ညီက ဒီကျောင်းသူလို ရိုင်းစိုင်းတဲ့သူမဟုတ်ဘူး...
"မီမီသစ် ဟုတ်ပြီ...ဒါပဲလား..."
"ကျွန်တော်ရော..."
မီမီသစ်ဘေးမှာရှိတဲ့စံချိန်ကောင်းက ထရပ်လိုက်တာကြောင့် ညီညီသော် စံချိန်ကောင်းကို ကြည့်ပြီး အံဩသွားရသည်...
စံချိန်ကောင်းကလည်း ညီညီသော်ကို မှတ်မိသလိုကြည့်နေသည်...ဒီဆရာက မမရဲ့အချစ်ဦးပဲ...
"ဒီကောင်လေးက...."
ဆယ်တန်းတုန်းက ညီဘေးမှာထိုင်နေတဲ့ ကောင်လေး...ဒါဆို သူရင်ခုန်ရတဲ့ညီက ဘယ်မှာလဲဆိုတာ သိနိုင်တာဘဲ...
ညီညီသော်က စံချိန်ကောင်းရဲ့မျက်နှာကိုသာပြုံးပြီးကြည့်နေတာကြောင့် အားလုံးက ကြောင်နေကြသည်...
"ဆရာပြုံးတာ အရမ်းကြည့်ကောင်းတာဘဲ.."
ကျောင်းသူတစ်ယောက်က ပြောလိုက်မှ မျက်နှာကို ပြန်တည်လိုက်တဲ့ ညီညီသော်...
"ဒီနေ့ စာမသင်တော့ပါဘူး အတန်းခေါင်းဆောင်နှစ်ယောက်ထဲက တစ်ယောက်က ဒီအခန်း(A)မှာရှိတဲ့ကျောင်းသားနာမည်တွေရေးပြီး ဆရာ့ကိုလာပေးပါ...နာမည်စာရင်းက အရင်ဆရာမနားပါသွားတာမလား"
"ဟုတ်ပါတယ်..."
မီမီသစ်တို့ ညီညီသော်ထွက်သွားတာနဲ့ ကျောင်းသားစာရင်းတွေရေးပြီး အမြန်သွားပေးကြသည်...
"စံချိန်ကောင်း...ခဏလောက် နေခဲ့ပါဦး..."
နှစ်ယောက်လာပေးပေမဲ့ စံချိန်ကောင်းတစ်ယောက်ကိုဘဲ နေခဲ့ခိုင်းတာကြောင့် မီမီသစ် အတွေးများရင်း ထွက်လာခဲ့ပြီး အပြင်ကနေခိုးနားထောင်ဖို့ဆုံးဖြတ်လိုက်သည်...
YOU ARE READING
ကျွန်မချစ်သော သူ.../ကြၽန္မခ်စ္ေသာ သူ...[Completed]
Romanceမနဲ့မောင် အချစ်ဇာတ်လမ်း❤️ လူအများရှေ့မှာ ပထမဆုံးသဘောကျရတဲ့ကောင်လေးဆီက ငြင်းခံလိုက်ရတာကြောင့် အချစ်ကိုကြောက်သွားသည့်မဏိစန္ဒာ... အချစ်ကို ပုံစံတွေနဲ့သတ်မှတ်ထားပေမဲ့ မဏိ တစ်ကယ်ချစ်တဲ့သူက သတ်မှတ်ထားတဲ့ပုံစံနဲ့ကွာခြားနေခဲ့တဲ့အခါ...