🌿ကျွန်မချစ်သော...သူ🌿
✨အပိုင်း(၄)✨ဒီနေ့ မဏိပြန်လာတဲ့အထိမ်းအမှတ်အနေနဲ့ မဏိတို့မိသားစုလေးယောက် စားသောက်ဆိုင်တစ်ခုမှာ dinnerစားဖြစ်ကြသည်...
ဦးကောင်းပြည့်ကျော်နဲ့ဒေါ်စန္ဒာမင်းဆိုတဲ့ မဏိရဲ့ဒယ်ဒီနဲ့မာမီက စီးပွါးရေးကုမ္ပဏီအသေးစားတစ်ခုကို ဘယ်ကုမ္ပဏီနဲ့မချိတ်ဆက်ဘဲ တစ်ခုတည်း ရပ်တည်နေခြင်းဖြစ်သည်...
ဒါပေမဲ့ မဏိရဲ့ရည်မှန်းချက်က နိုင်ငံခြားမှာ ပညာသင်ပြီး ထက်မြတ်တဲ့စီးပွါးရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်တာကြောင့် စင်ကာပူမှာကျောင်းတက်ရင်း ကုမ္ပဏီတစ်ခုမှာ အလုပ်ရခဲ့သည်...
ထိုကုမ္ပဏီက မြန်မာနိုင်ငံမှာရှိတဲ့ Gloryလုပ်ငန်းစုနဲ့ချိတ်ဆက်ထားတာကြောင့် မဏိကိုယ်စားလှယ်အနေနဲ့ပြန်လာဖို့ရွေးချယ်လိုက်ခြင်းဖြစ်သည်...
"မမ ကျောင်းတက်တာ အဆင်ပြေရဲ့လား အလုပ်ရော..."
"ပြေတာပေါ့ ကောင်းရယ် ဒယ်ဒီနဲ့မာမီက မမကိုအမြဲနောက်ကနေပံ့ပိုးပေးနေတာပဲ..."
မဏိ ရှေ့မှာရှိနေတဲ့ မိဘနှစ်ပါးကို ကြည့်ပြီးပြောလိုက်သည်...
"မဟုတ်တာ သမီးရယ် သမီးက လိမ္မာပြီးတော်လို့ ဒီနေရာကို ရောက်အောင်သွားနိုင်တာ...သမီးအတွက် မာမီတို့အမြဲဂုဏ်ယူတယ်...ဟုတ်တယ်မလား ကိုကျော်..."
"ဟုတ်ပါ့ဗျာ...နောက်ဆို သားလည်းကျောင်းပီးရင် သမီးနဲ့အတူ ဒယ်ဒီ့ကုမ္ပဏီကို ဦးစီးလို့ရပြီ..."
"စိတ်ချပါ သားက ဒယ်ဒီ့နေရာဆက်ခံမှာ..."
"ဟင်းဟင်း..."
"ဒါနဲ့ Gloryကို ဒီနှစ်အတွင်းမှာ ပြိုင်ဘက်ကုမ္ပဏီတွေပေါ်လာသေးလား..."
"မပေါ်ဘူး သမီးရဲ့ ဥက္ကဌဦးရဲသွေးသစ်သျှန်ကို ပြိုင်ဆိုင်နိုင်တဲ့ကုမ္ပဏီမရှိသေးဘူး...သူ့မှာ သားတစ်ယောက် သမီးနှစ်ယောက်ရှိတယ်...သားကတော့ အခုဆို သား(ကောင်း)နဲ့ရွယ်တူလောက်ပဲ..."
"ဟုတ်လား..."
"ဦးရဲေသွးသစ်သျှန်က Gloryကလား..."
"အင်းလေ သားရဲ့ Gloryရဲ့ဥက္ကဌက ဦးရဲသွေးသစ်သျှန်ပဲလေ..."
"ဘာလို့လဲ ကောင်း ထူးဆန်းနေလို့လား..."
YOU ARE READING
ကျွန်မချစ်သော သူ.../ကြၽန္မခ်စ္ေသာ သူ...[Completed]
Romanceမနဲ့မောင် အချစ်ဇာတ်လမ်း❤️ လူအများရှေ့မှာ ပထမဆုံးသဘောကျရတဲ့ကောင်လေးဆီက ငြင်းခံလိုက်ရတာကြောင့် အချစ်ကိုကြောက်သွားသည့်မဏိစန္ဒာ... အချစ်ကို ပုံစံတွေနဲ့သတ်မှတ်ထားပေမဲ့ မဏိ တစ်ကယ်ချစ်တဲ့သူက သတ်မှတ်ထားတဲ့ပုံစံနဲ့ကွာခြားနေခဲ့တဲ့အခါ...