🌿ကျွန်မချစ်သော...သူ🌿
✨အပိုင်း(၁၃)✨
(ဇာတ်သိမ်းပိုင်း)"ဒုဥက္ကဌ....ပြဿနာတက်ပါပြီ..."
Meetingစခါနီး (၅)မိနစ်အလိုမှာ သီရိနိုင် အလျင်စလိုနဲ့ရောက်လာပြီး မျက်နှာပျက်စွာ စကားဆိုသည်...
"ဘာဖြစ်တာလဲ...."
"ကနေဒါက ရှယ်ယာဝင်ထားတဲ့ မစ္စတာဂရင်းက ရှယ်ယာတွေပြန်ထုတ်သွားပါတယ် အကြီးဆုံးရှယ်ယာဝင် နှုတ်ထွက်သွားတာကြောင့် တခြားရှယ်ယာရှင်တွေကလည်း ပွဲဆူနေတယ်...အခု Gloryဟိုတယ်မှာ ပွက်လောရိုက်နေတယ် မစ္စတာဂရင်းကလည်း ပျောက်နေတယ်...
အဲ့အကြောင်းကို...သတင်းမှာလည်း တက်လာတယ် ""ဘာ...!"
မသေချာသေးခင် ဘယ်သူ့ကိုမှ မချပြသေးတာကို ဘာလို့သတင်းမှာပါ ပါလာရတာလဲ...?
"ဘယ်လိုလုပ်မလဲ ခဏနေ ကနေဒါကလည်း တစ်ဆက်တည်းတင်ပြရမှာ...အစီအစဉ်တွေတောင် ချပြီးပြီ..."
"အခုလုပ်ရင်တောင် မမှီတော့ဘူး..."
"မ မက မီတင်ကို ကြည့်စီစဉ်လိုက်...ကျွန်တော်က ဟိုတယ်ကိုသွားမယ်..."
"အင်း ဂရုစိုက်ဦး မီတင်ပြီးရင် တန်းလာခဲ့မယ်.."
မဏိကို ခေါင်းငြိမ့်ပြကာ အလောတကြီး ထွက်သွားသည့်ဒဏ္ဍာရီ...
"ကိုယ်စားလှယ် အဆင်ပြေမှာပါ..."
"အင်း"
သူလုပ်ရင် အရာအားလုံးက လွယ်ကူသွားတာပဲ အဆင်ပြေမှာပါ...ဒါပေမဲ့ မစ္စတာဂရင်းကို ရှာတွေ့ခဲ့ရင်တောင် မှန်းရခက်တဲ့သူတစ်ယောက်ဖြစ်တာကြောင့် မသေချာပေ...
မီတင် မြန်မြန်ပီးပါစေ...
ဒဏ္ဍာရီ မြန်မြန် ဟိုတယ်ကို မောင်းလာခဲ့ပေမဲ့ ဟိုတယ်နားလေးမှာ လမ်းမှားစွာကူးလာတဲ့ကားက ဒဏ္ဍာရီဆီသို့...
ရှောင်လို့ရပေမဲ့ ဘေးဘက်ကိုကြည့်လိုက်တော့တခြားသူတွေထိခိုက်မှာကြောင့် မရှောင်တော့ဘဲ...
"ဒုန်း...."
မျက်လုံးတွေပြာဝေသွားပြီး ခေါင်းထက်က တစ်ဖြည်းဖြည်းစီးကျလာတဲ့သွေးတွေနဲ့အတူ ဒဏ္ဍာရီ ခဏတာ မေ့မျှောသွားသည်...
YOU ARE READING
ကျွန်မချစ်သော သူ.../ကြၽန္မခ်စ္ေသာ သူ...[Completed]
Romanceမနဲ့မောင် အချစ်ဇာတ်လမ်း❤️ လူအများရှေ့မှာ ပထမဆုံးသဘောကျရတဲ့ကောင်လေးဆီက ငြင်းခံလိုက်ရတာကြောင့် အချစ်ကိုကြောက်သွားသည့်မဏိစန္ဒာ... အချစ်ကို ပုံစံတွေနဲ့သတ်မှတ်ထားပေမဲ့ မဏိ တစ်ကယ်ချစ်တဲ့သူက သတ်မှတ်ထားတဲ့ပုံစံနဲ့ကွာခြားနေခဲ့တဲ့အခါ...