🌿ကျွန်မချစ်သော...သူ🌿
✨အပိုင်း(၇)✨"မာမီ...ခဏနေ ဒဏ္ဍာရီနဲ့သစ်သစ်အိမ်လာလည်မယ်တဲ့..."
စံချိန်ကောင်းက ဝမ်းသာအားရနဲ့အပေါ်ထပ်ကနေပြေးဆင်းလာပြီး ဒေါ်စန္ဒာမင်းဆီအပြေးအလွှားလာပြောသည်...
မဏိလည်း ဘာရယ်မဟုတ် ဒဏ္ဍာရီဆိုတဲ့နာမည်ကြောင့် နားထောင်မိသွားပြီး သူတို့လာရင် ရှောင်နေဖို့တွေးလိုက်မိသည်....
ပြီးတော့ မဏိက အိမ်နေရင်းကာတွန်းအရုပ်ပါတဲ့ စပန့်သားဝမ်းဆက်ကို ဝတ်ထားတာကြောင့် ဒီလိုပုံစံမျိုး မတွေ့စေချင်ပါ...
"ဟုတ်သား သားသူငယ်ချင်းတွေတောင် မရောက်တာကြာပြီ..."
"ဟုတ်တယ် ဒယ်ဒီ ဆယ်တန်းတုန်းကတစ်ခေါက်ပဲရောက်ဖြစ်တာ...အခုမှပေါ်လာတော့မယ်တဲ့..."
"ဟင်းဟင်း စန္ဒာ သူတို့လာရင်တော့ ညနေစာစားပြီးမှပြန်ခိုင်းကွာ..."
"ဟုတ်တယ် သမီးလည်းပြန်ရောက်နေတာဆိုတော့ အလွမ်းဖြေလို့ရတာပေ့ါ...ငယ်ငယ်တုန်းကလိုဘဲ ဒဏ္ဍာရီလေးက သမီးအနားပဲကပ်နေမလားမသိဘူး..."
"အဟား ဟုတ်တယ် စန္ဒာရေ ဒဏ္ဍာရီက သမီးကိုအရမ်းချစ်တာ..."
"အခုလူပျိုအရွယ်ရောက်လာပြီဆို
တော့ သမီးကိုပေးရတော့မယ်ထင်တယ်...""မာမီကလည်း မဟုတ်တာတွေ...မဏိက အပျိုကြီးလုပ်မှာ..."
"စကားကို အကုန်မပြောရဘူး သမီးရဲ့...ပြီးတော့ မာမီတို့က သမီးကိုတော့အပျိုကြီးအဖြစ်မခံနိုင်ပါဘူးကွယ်..."
"မာမီကလည်း..."
မဏိ ဒေါ်စန္ဒာမင်းရဲ့စကားကြောင့် မျက်နှာနီရဲလာသည်...
"တီ...ပွန်း..."
"ဟော ကားဟွန်းတီးသံကြားတယ် ရောက်ပြီထင်တယ်..."
စံချိန်ကောင်းက သူ့ဘာသာပြောပီး ထွက်သွားတော့ မဏိဆိုဖာပေါ်က ထရပ်ကာအိမ်ပေါ်ထပ်တက်ဖို့ ပြင်လိုက်သည်...
"သမီး ရှောင်ပြေးဖို့မလုပ်နဲ့...ဘာပဲဖြစ်ဖြစ် သူတို့က ငယ်ငယ်ကတည်းကစာသင်ပေးခဲ့တဲ့သူတွေဘဲ...မရှက်ပါနဲ့.."
YOU ARE READING
ကျွန်မချစ်သော သူ.../ကြၽန္မခ်စ္ေသာ သူ...[Completed]
Romanceမနဲ့မောင် အချစ်ဇာတ်လမ်း❤️ လူအများရှေ့မှာ ပထမဆုံးသဘောကျရတဲ့ကောင်လေးဆီက ငြင်းခံလိုက်ရတာကြောင့် အချစ်ကိုကြောက်သွားသည့်မဏိစန္ဒာ... အချစ်ကို ပုံစံတွေနဲ့သတ်မှတ်ထားပေမဲ့ မဏိ တစ်ကယ်ချစ်တဲ့သူက သတ်မှတ်ထားတဲ့ပုံစံနဲ့ကွာခြားနေခဲ့တဲ့အခါ...