Love, But Hurt S2 Extra Part III (နားလည်မှုတို့နှင့်တည်ဆောက်ထားသော 1)
အန်းလု ဘွဲ့ယူတဲ့နေ့က ချီရှန်းသူ့စိတ်ထဲတွင် သူသည် အန်းလုအတွက်ကျရာနေရာကနေ နေထိုင်ပေးနိုင်သည့်သူတစ်ယောက်လို ခံစားခဲ့ရသည်။ ထို ဂုဏ်ယူဖွယ်ကောင်းသည့်နေ့တွင် ချီရှန်းသည်အန်းလုအတွက် မိဘတစ်ယောက်ကဲ့သို့ဖြစ်ခဲ့ပါ၏။ ဘွဲ့၀တ်စုံကို၀တ်ကာ တောက်ပသည့်အပြုံးတစ်ပွင့်ကိုဖန်ဆင်းရင်း လူအုပ်ကြီးကြားတွင် ပျော်ရွှင်နေသည့်ထိုကောင်လေးကို သူ မျက်တောင်မခပ်တမ်း ငေးမောကြည့်နေမိခဲ့သည်မှာ အမှန်ပင်။
" ရှန်းရှန်း....ရှန်းရှန်း...ကျွန်တော့်ကိုကြည့်"
အန်းလုက သူ့သူငယ်ချင်းတွေကို ပုခုံးချင်းယှဉ်ကာရပ်နေရင်းမှာ သူနှင့်မလှမ်းမကမ်းတွင်ရပ်ကာ ကင်မရာတစ်လုံးကိုင်လျက် အန်းလုကိုငေးရင်းကြက်သေသေနေသော ချီရှန်းအားအသိစိတ်၀င်လာစေသည်။
" ဟမ်..."
အန်းလုက သူ့စိတ်ကိုသိသည့်အလား တယောက်ဆီ၏ပုခုံးပေါ်သို့ ထပ်တင်ထားသည့် သူ၏လက်များကိုခဏဖြုတ်လိုက်ပြီး ချီရှန်းဆီသို့ပြေးလာလိုက်သည်။ သူချီရှန်းကို ခပ်တိုးတိုးတစ်ခုခုပြောချင်နေပုံရသည်။ ခြေဖျားကိုအတင်းထောက်လေတော့ ချီရှန်းက သူ့ကိုယ်ကိုကိုင်းပေးသည်။ ပတ်ပတ်လည်တွင် လူတိုင်းက သူတို့၏မိသားစု၊ အသိမိတ်ဆွေ သူငယ်ချင်းများနှင့် သူတို့၏နောက်ဆုံးသော ကျောင်းသားဘ၀လုံး၀ပြီးဆုံးသည့် အချိန်ကိုပျော်ပျော်ရွှင်ရွှင် ဆင်နွဲနေကြသည်။ အန်းလုက ချီရှန်း၏ နား အနားသို့ကပ်လိုက်ကာ
" ရှန်းရှန်းကအခု ကျွန်တော့်သူငယ်ချင်းတွေ အကုန်လုံးပါတဲ့ Group Photo ကိုရိုက်မှာနော်... ကျွန်တော် တစ်ယောက်တည်းပဲ ကွက်ပါနေရင် သူတို့က ရှန်းရှန်းကို ဘယ်တော့မှ ဓာတ်ပုံပေးမရိုက်တော့ပဲနေလိမ့်မယ်။"
"...."
ချီရှန်းမှာ အန်းလု၏စကားကြောင့် ခေါင်းကိုငုံ့ကာရယ်လိုက်မိပါတော့သည်။ တဖက်ရှိကျန်ခဲ့သော သူ့သူငယ်ချင်းတသိုက်ကတော့ သူတို့ဘာတွေများပြောနေသလဲဟူသော သိချင်စိတ်ကြောင့် သူတို့ကိုလှမ်းကြည့်နေကြသည်။ ချီရှန်းက အန်းလု၏ပါးကို ဆွဲညှစ်လိုက်သည်။
DU LIEST GERADE
Love, but Hurt (We meet again) Season 2( Completed)
Romantikအကယ်၍ ကျွန်တော်တို့ နောက်တစ်ကြိမ်ပြန်ဆုံတွေ့ဖြစ်ကြရင်ကျွန်တော့်နားကနေ ထွက်မပြေးနိုင်တော့အောင် ခင်ဗျားကို တင်းတင်းကျပ်ကျပ်ဖက်တွယ်ထားမိလိမ့်မယ်။ အကယ်၍ ကျွန်တော်တို့ နောက်တစ်ကြိမ်ပြန်ဆုံတွေ့ဖြစ်ကြရင်ကျွန်တော့်နားကနေ ထွက်မပြေးနိုင်တော့အောင် ခင်ဗျားကို တ...