အပိုင်း ၁၃

15.8K 1.8K 174
                                    

Zawgyi

"အန်းလု....ဘယ်လိုဖြစ်ပြီး
ဒီရှေ့ကိုရောက်နေရတာလည်း မိုးချုပ်နေပြီဟာကို.."

ချီရှန်းက ကော်ဖီဆိုင်ရှေ့တွင်ရပ်နေသော
အန်းလုဆီသို့အမြန်ပင်ရောက်လာခဲ့သည်။
အန်းလုက ချီရှန်းအားမြင်တော့
ဝမ်းသာအားရဖြင့်

"ရှန်းရှန်း ပြန်မလာသေးလို့လေ
မိုးအတော်ချုပ်နေပြီကို
အဲ့တာကြောင့် ဒီကို လာကြည့်လိုက်တာ.......
ဘာလို့နောက်ကျနေတာလည်း... ပြီးတော့
အံမယ် suitတွေဘာတွေနဲ့...."

အန်းလုက ချီရှန်း၏ အကျီင်္ီစအား
သေချာစွာကိုင်ကြည့်ပြီးအကဲခတ်နေသည်။

"အင်း...သူများဟာ
မနက်ဖြန်ပြန်ပေးရမှာ..အလုပ်ကသူဌေးက
ကိစ္စရှိလို့အကူအညီတောင်းတာနဲ့ လိုက်သွားပေးလိုက်တာ ကိုယ်မနေ့ညကပြောပြတယ်လေ.."

အန်းလုက ချီရှန်း၏ အကျီင်္ီစအား
သေချာစွာ လေ့လာကြည့်ရှုနေရင်း
ခေါင်းမော့ကာလာသည်။

"အမ်...ပြောသေးလား...
မသိလိုက်ဘူး..."

"အင်းပါ..ဒါနဲ့မှောင်မဲနေတာကို
ဘယ်လိုဖြစ်ပြီး ရောက်လာရတာလည်း"

"မပူပါနဲ့... လမ်းမီးတွေလင်းနေသေးတာပဲ
အမှောင်ကြောက်တတ်ပေမဲ့
မီးရောင်လေးနည်းနည်း ရှိရင်တော့မကြောက်ပါဘူး."

"အင်း....."

ချီရှန်းက ခေါင်းညိမ့်သည်။အန်းလုက

"ဒါဆို ပြန်ရအောင်လေ...အိမ်မှာ
ဘယ်သူမှမရှိလို့..."

"ခနလေး..ကိုယ်ဒီနေ့အလုပ်ကြိုးစားခဲ့တာ.
ကိုယ့်ကို ဆုလေးဘာလေးမပေးချင်ဘူးလား...."

"ဘာကိုလည်း....."

ချီရှန်းက ခန္တာကိုယ်အား
အန်းလုရှေ့သို့အနည်းငယ်ကိုင်းလိုက်ပြီး
သူ၏ခေါင်းအား အန်းလု ရင်ဘက်နားအထိ
နှိမ့်ချလိုက်သည်။

အန်းလုက ထိုအခါမှ
သဘောပေါက်သွားကာ ရီလျက်

"ရှန်းရှန်းက ကလေးကျနေတာပဲ...အင်းပါ
ဆုပေးမယ်...."

အန်းလုကချီရှန်း၏ ခေါင်းလေးအား.
အသာပုတ်ပေးနေလိုက်သည်။

Love, but Hurt (We meet again) Season 2( Completed)Donde viven las historias. Descúbrelo ahora