အပိုင်း ၁၇

14K 1.5K 92
                                    

"ချီရှန်း....သား...အန်တီနဲ့
အပြင်ခဏ လိုက်ခဲ့ပေးပါလား....."

"ဟုတ်ကဲ့...."

မနက်ဖြန် ပြန်ရန်အတွက်
အားလုံးကိုယ်စီ မိမိ၏ အထုတ်အပိုးများကို
ပြန်လည်ထုတ်ပိုးနေကြသည်။

အန်းလုဘေးတွင် ကူညီပေးနေသော
ချီရှန်းက မတ်တပ်ရပ်ကာ သူမနောက်သို့လိုက်ရန်ပြင်လိုက်သည်။
အန်းလုကလည်း

"မေမေ...သားလည်း...."

"နင်မပါဘူး....ကိုယ့်အထုတ်ကိုထည့်နေ..."

သူမက အန်းလုအား ခြိမ်းခြောက်သည့်ပုံစံဖြင့်ကြည့်ကာ ငေါက်လိုက်သည်။
ထိုအခါမှ အန်းလုက ပြန်ငြိမ်သွားသည်။
အန်းလုမိခင်က ချီရှန်းအား
အပြင်ဘက်သို့ ခေါ်သွားတော့သည်။

ချီရှန်းတို့ ထွက်သွားရာအပြင်ဘက်သို့
ဆူပုပ်ပုပ်မျက်နှာဖြင့်ကြည့်နေသော အန်းလုအား
လွမ့်သောက်က သူ၏လက်ထဲရှိ
ခြေအိတ်ဖြင့် ပိတ်ပေါက်လိုက်သည်။

"မင်းတို့ ဟို့နေကတညလုံး
ဘယ်သွားပြီး ဘာလုပ်နေတာလည်း ဟမ်
ပြောစမ်း ဘာလုပ်နေတာလည်းလို့..."

အန်းလုက မျက်နှာထက်လာကပ်ပြီးမှ
အောက်သို့ပြန်ကွာကျသွားသော် ခြေအိတ်အားကြည့်ပြီးနောက် ပြန်ကောက်ကာ
လွမ့်သောက်ဘက်သို့ ပြန်ပစ်လိုက်သည်။

"မင်း အပူပါလား...ဘာလုပ်လုပ်ပေါ့
ဟမ်...faကောင်က သိစရာလိုလို့လား...."

"မင်းတို့နှစ်ကောင်ကလည်း
ဘာလို့ တချိန်လုံးရန်ဖြစ်နေကြပြန်တာလည်း
ပြီးလည်း မခေါ်ပဲနေနိုင်တာမဟုတ်ဘူး.."

တုံ့ဖူတို့နှစ်ယောက်ကာဘေးမှကြည့်ကာ
ဝင်ပြောလေသည်။

နှစ်ယောက်သာ ကျန်နေသေးသော
အဝတ်များကို ဆက်သိမ်းနေရင်း လွမ့်သေါက်ကပင်

"အေး...အန်းလုတို့ ငါ့ကို
လေဆိပ်လိုက်ပို့ပေးကြအုန်းနော်...."

"ပို့မှာပါကွာ...ပူမနေနဲ့....
ဟိုရောက်ရင်သာ ငါတို့နဲ့အဆက်အသွယ်မပြတ်စေနဲ့...ပြီးတော့..မကြာမကြာလာလည်အုန်း.."

လွမ့်သောက်က အန်းလုစကားကြောင့်
အန်းလုဘေးနားသို့ ဖင်ထိုင်ရက်ပင်
တရွတ်တိုက်ကာ သွားလိုက်သည်။

Love, but Hurt (We meet again) Season 2( Completed)Where stories live. Discover now