Love, but hurt 2 part 29 (သကြားဖေဖေ ချီရှန်း)
လွန်ခဲ့သော ရက်အနည်းငယ်က
"ဒါဆို အခြေအနေက နည်းနည်းတော့နီးလာပြီလို့ဆိုရမှာပေါ့။"
"ဟုတ်ပါတယ်။ ဒါပေမဲ့ သတင်းအချက်အလက်အနေနဲ့က ဖြစ်စဉ်တစ်ခူလုံးရဲ့ တစ်ပိုင်းတစ်စလောက်ကိုပဲသိရသလိုဖြစ်နေတော့ အကုန်သိရဖို့ဆို ကျွန်တော်တို့အချိန်လိုလိမ့်အုန်းမယ်"
ရုံးခန်းထဲတွင် ချီရှန်းက ခုံတွင်ထိုင်လျက် လက်နှစ်ဖက်အား စားပွဲပေါ်တင်ကာ ရှောင်ရှင်းနှင့်စကားပြောနေသည်။
"ဟူး......တစ်ရက်ဆို တစ်ရက်က ပိုအရေးကြီးလာပြီ။ ငါတို့အရင်လို့အေးဆေးလုပ်နေလို့မရတော့ဘူး။အန်းလုအတွက် အန္တရာယ်များနိုင်တယ်"
"ကျွန်တော် အတတ်နိုင်ဆုံးကြိုးစားမှာပါ။ CEOရှီးယန် အဲ့ဒီလူတွေကို ဘယ်မှာဖွက်ထားတယ်ဆိုတာကို သိရတာနဲ့ ကျွန်တော်တို့ အဆင်ပြေပါပြီ"
"အင်း"
*ဒေါက် *ဒေါက်* ဒေါက်*
ပြင်ပရှိ တံခါးခေါက်သံကြောင့် ရှောင်ရှင်းနှင့် ချီရှန်းတို့နှစ်ဦးလုံး မျက်မှောင်ကြုတ်လိုက်ကြသည်။
"ဘယ်သူလဲ"
ချီရှန်းကမေးသည်။ ပြင်ပရှိ တံခါးခေါက်သူက
"ကျွန်တော် လျိုဖန်းပါ။ projectနဲ့ ပတ်သတ်ပြီး အစီအစဉ် တစ်ချို့လာပြတာပါ"
"ဝင်လာခဲ့ပါ"
"ဟုတ်ကဲ့"
လျှိုဖန်းက တံခါးဖွင့်ကာဝင်လာခဲ့သည်။ ချီရှန်းက သူ့ရှေ့သို့တဖြည်းဖြည်းရောက်လာသောလျှိုဖန်းအားတချက်ကြည့်ပြီးနောက် ရှောင်ရှင်းအားကြည့်ကာ
"ဒါဆို ဆက်ပြီး လုပ်တော့"
ရှောင်ရှင်းက ခေါင်းငုံ့ကာ ဂါရဝပြုလိုက်ပြီးနောက် အပြင်ဘက်သို့ထွက်သွားတော့သည်။
တအောင့်နေတော့ ချီရှန်းက လျှိုဖန်းပေးသော စာရွက်စာတမ်း အချို့ကို စစ်ဆေးပြီး လက်မှတ်ထိုးပေးလိုက်သည်။ လျှိုဖန်းက ထိုတစ်ချိန်လုံး ချီရှန်းကို အကဲခတ်နေခဲ့သည်။ ချီရှန်းက ထိုစာရွက်ဖိုင်တွဲအား လျှိုဖန်းကို ပြန်ပေးလိုက်ပြီးနောက် လျှိုဖန်းကို ကြည့်ကာ
ESTÁS LEYENDO
Love, but Hurt (We meet again) Season 2( Completed)
Romanceအကယ်၍ ကျွန်တော်တို့ နောက်တစ်ကြိမ်ပြန်ဆုံတွေ့ဖြစ်ကြရင်ကျွန်တော့်နားကနေ ထွက်မပြေးနိုင်တော့အောင် ခင်ဗျားကို တင်းတင်းကျပ်ကျပ်ဖက်တွယ်ထားမိလိမ့်မယ်။ အကယ်၍ ကျွန်တော်တို့ နောက်တစ်ကြိမ်ပြန်ဆုံတွေ့ဖြစ်ကြရင်ကျွန်တော့်နားကနေ ထွက်မပြေးနိုင်တော့အောင် ခင်ဗျားကို တ...