Zawgyi
ချီရှန်းက ကော်ဖီဆိုင်အတွင်းသို့
တံခါးကိုဖွင့်ကာ အထဲဝင်လာသည်နှင့်
ရှီးယန်ကို လူတယောက်နှင့်အတူထိုင်နေသည်ကိုတွေ့ရသည်။ချီရှန်းရောက်လာသည်ကို မြင်တော့
ရှီးယန်က ချက်ချင်းပင်
မတ်တပ်ကောက်ရပ်လိုက်ပြီး
သူ၏ ရှေ့ရှိလူအား လက်ဆွဲနှုတ်ဆက်ရန်
လက်ကမ်းပေးလိုက်သည်။ထိုသူကလည်း မတ်တပ်ကောက်ရပ်လိုက်ပြီး
ရှီးယန်၏လက်အား ဆုပ်ကိုင်လိုက်သည်။"ဒါဆို ကိုယ်သွားတော့မယ်....."
"အင်း......."
ရှီးယန်က တခဏအကြာတွင်
အမြန်ပင် လက်ကိုပြန်ရုန်းထွက်လိုက်သည်။
ပြီးနောက် ချီရှန်းအား
မျက်ဝန်းထောင့်ဖြင့်သာ တချက်ကြည့်လိုက်သည်။ချီရှန်းက ပထမတစ်ခါကြည့်ပြီးကတည်းက
သူတို့အား ထပ်မကြည့်တော့ပဲ
သူ့အလုပ်သာ သူလုပ်နေပြီဖြစ်သည်။ထိုသူထွက်သွားပြီးနောက်
ရှီးယန်က သူ၏ မူလနေရာတွင်သာ
ပြန်ထိုင်နေလိုက်သည်။"မကြာခင် ဆောင်းတောင်ရောက်တော့မယ်
ရာသီဥတု ကအေးလာပြီ
ပထမဆုံးနှင်း ဘယ်အချိန်လောက်ကျမှာပါလိမ့်"ရှီးယန်က အပြင်ဘက်ကို ငေးရင်း
ရေရွတ်လိုက်မိသည်။
သူက ချီရှန်းအား လှမ်းကြည့်လိုက်ပြီး
ပြုံးကာ ဆိုလိုက်သည်။"အကို ချီရှန်းရော...ပထမဆုံးနှင်းကျတဲ့နေ့
ဘာလုပ်ဖို့အစီအစဉ်ရှိလည်း...""မရှိဘူး...ဒီအတိုင်းပဲ....."
အလုပ်ရှုပ်နေဖွယ်ရသော
ချီရှန်းက ဖြေသည်။(ဘာလုပ်ရမှာလည်း...အန်းလုနဲ့ပဲ
အတူရှိနေမှာပေါ့..ဒါဟာမေးစရာကိုမလိုအပ်သည့်
မေးခွန်းတစ်ခုပင်)ရှီးယန်က သူ၏နေရာမှထလာပြီး
ချီရှန်း အနားသို့လျောက်လာသည်။သူက ကောင်တာ၏ဘောင်တန်းပေါ်တွင်
လက်အသာတင်လိုက်ပြီး
ချီရှန်းကိုကြည့်သည်။"အကိုချီရှန်း ကုမ္မဏီ အလုပ်တွေဘာတွေ
စိတ်ဝင်စားလား...ကျွန်တော်နဲ့
လက်တွဲမလုပ်ချင်ဘူးလား....."
VOUS LISEZ
Love, but Hurt (We meet again) Season 2( Completed)
Roman d'amourအကယ်၍ ကျွန်တော်တို့ နောက်တစ်ကြိမ်ပြန်ဆုံတွေ့ဖြစ်ကြရင်ကျွန်တော့်နားကနေ ထွက်မပြေးနိုင်တော့အောင် ခင်ဗျားကို တင်းတင်းကျပ်ကျပ်ဖက်တွယ်ထားမိလိမ့်မယ်။ အကယ်၍ ကျွန်တော်တို့ နောက်တစ်ကြိမ်ပြန်ဆုံတွေ့ဖြစ်ကြရင်ကျွန်တော့်နားကနေ ထွက်မပြေးနိုင်တော့အောင် ခင်ဗျားကို တ...