အပိုင်း ၇ *

23K 1.9K 135
                                    

"နေအုန်း......."

ရုတ်တရက် ထိန့်လန့်ကာလန့်နိုးလာသည့်ပုံစံဖြင့်
အန်းလုအော်လိုက်သည်။
ကုတင်ပေါ်တွင် ခေါင်းက ကုတင်ခြေရင်းရောက်၍
ခြေထောက်တချောင်းကမူ သူ၏
ခေါင်းအုံးပေါ်တွင် ဖြစ်ပြီး ကျန်တဖက်က
ချီရှန်း၏ ရင်ဘတ်ပေါ်တွင်ဖြစ်သည်။

အန်းလု ရုတ်တရက်ငုတ်တုတ်ထထိုင်လိုက်သည်။
ချီရှန်းကလည်း နိုးလာပြီး
အန်းလုကိုမေးလေသည်။

"အန်းလု ဘာဖြစ်လို့လည်း...."

ချီရှန်းကသူ၏ဆံနွယ်များကို
ရှေ့သို့ တစောင်းချထားသည်။
အန်းလု၏ ဆံပင်များကမူ မိုးပေါ်ထောင်သည်ကထောင် နှင့် ပျက်နေ၏။

"ဒီနေ့ အမေပြန်ရောက်မှာ......
ဘယ်လိုလုပ်ရမလည်း...".

အန်းလုက အမြန်ပင်ကောက်ထလိုက်ပြီး
စားပွဲပေါ်ရှိသူ၏ဖုန်းအား
လှမ်းယူလိုက်သည်။

"ဘယ်နှနှာရီရှိပြီလည်း....အား...ကိုးနာရီတောင်
ကျော်နေပြီ.... ရှန်းရှန်း ဘာလို့မနှိုးတာလည်း..."

"မင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်နေလို့လေ....
အိပ်ရေးမဝရင် နေလို့မကောင်းမှာဆိုးလို့...."

"ဒီနေ့ ကျောင်းဖွင့်ပြီ...အမေကညနေပြန်ရောက်မှာ
ရှန်းရှန်းကိုလည်း ဘာမှမလုပ်ပေးရသေးဘူး...

အိုက်ယား....ရှုပ်လာပြီ...."

အန်းလု သူ့ခေါင်းသူအသေကုတ်နေသည်။
ချီရှန်းက အေးအေးလူလူပင်ထလာလိုက်ပြီး

"ကိုယ်လည်း ယောက္ခမတော်နဲ့တွေ့ချင်နေခဲ့တာ
အတော်ပဲ သူမဆီမှာ အန်းလုကို
တရားဝင်တောင်းရမယ်...အွတ်....."

အန်းလုက ချီရှန်း၏ ပါးစပ်အား
ခြေဖျားထောက်ကာ လက်ဖြင့် လှမ်းပိတ်လိုက်သည်။

"သေချင်လို့လား...ကျွန်တော်အသက်ခံရမှာပေါ့"

အန်းလု က လက်ကိုပြန်ချလိုက်ပြီး
ခေါင်းလေးငုံ့လျက်

"ဒီနေရာက အာ့..အာ့လိုတွေနဲ့
ပတ်သတ်ပြီး ကိုယ်လုပ်ချင်သလိုလုပ်လို့မရဘူး
အမေက ရှေးရိုးစွဲတယောက်တော့
မဟုတ်ပေမဲ့ သူမ သိသွားရင်
နည်းနည်းတော့ ဝမ်းနည်းသွားလိမ့်မယ်"

Love, but Hurt (We meet again) Season 2( Completed)Where stories live. Discover now