*ဒူ.....ဒူ....ဒူ......*
အန်းလုမနက်စောစော မြည်လာသော
ဖုန်း၏အသံကြောင့် အိပ်ရာ
ဘေးရှိ စားပွဲတွင် တင်ထားသော ဖုန်းအား
လက်ဖြင့်အသာ လှမ်းယူလိုက်သည်။ဖုန်းအား နားတွင်ကပ်လိုက်ပြီး
"Hello....."
လူကစကားပြောနေသော်လည်း
မျက်လုံးနှစ်ဖက်က မပွင့်သေးပေ။ကျောင်းကလည်းပိတ်ရက်ဖြစ်သောကြောင့်
အပြီအပြင်အိပ်ရန်ဆုံးဖြတ်ထားသည်။
လေ့လာရေးခရီးရှိသော်လည်း
စိတ်မဝင်စားသဖြင့် မလိုက်တော့ရန်သာ
ပြောလိုက်သည်။
သူအမြင်အကပ်ဆုံး သမိုင်းနှင့်
ပတ်သတ်သည့်လေ့လာရေးခရီးကြောင့်ပင်။*အမေ မနက်ဖြန်ပြန်ရောက်မယ်.....*
ဖုန်းထဲမှ အမျိုးသမီး၏စကားကြောင့်
အန်းလု ချက်ချင်းကောက်ထလိုက်သည်။"ဟုတ်သားပဲ....တစ်ပတ်....."
အန်းလု သူ၏ ဆံပင်တိုလေးများကို
သတ်တင်လိုက်ရင်း
တီးတိုးရေရွတ်လိုက်မိသည်။"ဟုတ်...မေမေ....သားလေဆိပ်ကို
လာကြိုပေးရမလား....""မလိုပါဘူး....အမေ company ကိုတန်းဝင်မှာမို့
ညနေလောက်မှရောက်မှာ...""အော်....ဟုတ်...."
စကားတချို့ပြောလိုက်ပြီးနောက်
အန်းလုက ဖုန်းကို လက်တွင်ကိုင်ထားလျက်
စဉ်းစားနေသည်။"ဘယ်လိုလုပ်ရမလည်း.....
အခုသူ့ပုံစံနဲ့ဆို အမေကနေခွင့်ပေးမှာမဟုတ်ဘူး
အရူးထောင်ရောက်မှာသေချာတယ်..."အန်းလုဖုန်းကို ကြည့်လိုက်ပြီး
နံပါတ်တစ်ခုအားနှိပ်လိုက်သည်။"အေး...လွမ့်သောက်....
ငါ့ကိုတစ်ခုကူညီလို့ရမလား...."အန်းလုအခန်း အပြင်ဘက်သို့ထွက်လာလိုက်သည်။
ချီရှန်းက ဆိုဖာပေါ်တွင်ထိုင်လျက်
ငြိမ်နေသည်။
သူ၏ယာယီ အိပ်ယာခင်းကိုလည်း
စနစ်တကျခေါက်ထားသေးသည်။ပုံစံကြည့်ရသည်မှာ နိုးနေတာကြာလောက်ချေပြီ။
သူတို့ အတူနေလာတာအခုဆို
တပတ်ပင်ပြည့်ချေတော့မည်။
YOU ARE READING
Love, but Hurt (We meet again) Season 2( Completed)
Romanceအကယ်၍ ကျွန်တော်တို့ နောက်တစ်ကြိမ်ပြန်ဆုံတွေ့ဖြစ်ကြရင်ကျွန်တော့်နားကနေ ထွက်မပြေးနိုင်တော့အောင် ခင်ဗျားကို တင်းတင်းကျပ်ကျပ်ဖက်တွယ်ထားမိလိမ့်မယ်။ အကယ်၍ ကျွန်တော်တို့ နောက်တစ်ကြိမ်ပြန်ဆုံတွေ့ဖြစ်ကြရင်ကျွန်တော့်နားကနေ ထွက်မပြေးနိုင်တော့အောင် ခင်ဗျားကို တ...