'Bella'
အမှောင်ထုအတိ ကျရောက်နေတဲ့တစ်နေရာကနေ အသံသဲ့သဲ့လေးကိုကြားလိုက်မိခြင်းပင်ဘယ်သူများလဲ?
'လာလေ ဘာတွေစောင့်နေတာလဲ...'
ရီသံအနည်းငယ်ပါနေသောထိုသူ၏ စကားသံကြောင့် ပျော်ရွှင်စရာအကြောင်းအရာတစ်ခုရှိနေသလောဟုတွေးတောနေမိသည်။ငါ့ကိုပြောနေတာလား?
အမှောင်ထုထဲမှ အလင်းရောင်ပြပြထွက်ပေါ်လာပြီး အသက်ခပ်လတ်လတ်အရွယ် အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ဦးမှ လက်ကမ်းပေးလျက်
'လာပါအချစ်ရဲ့ ကိုယ်မင်းရဲ့တယောသံလေးကို နားထောင်ချင်လို့ပါ'
ငါတယောထိုးတတ်တာကို သူဘယ်လိုသိတာလဲ?
ထိုသူစိမ်းက ပြောပြောဆိုဆိုနဲ့ ငါ့ကိုလက်နှစ်ဖက်လုံးဖွင့်ပေးလိုက်တယ် သူ့စီကိုလာဖို့ခေါ်နေတာ ဒါပေမယ့် သူဘယ်သူမှန်းငါမှမသိပဲ'BELLA!!'
ဘာဖြစ်တာလဲဘာဖြစ်လို့လဲ
ခုနကလူရဲ့ အမူအရာတွေကချက်ချင်းဆိုသလိုပြောင်းလဲသွားတယ်သံကြိုးတွေက ထိုသူရဲ့ တစ်ကိုယ်လုံးကိုရစ်ပတ်ထားတယ် ခုနကကမ်းပေးနေတဲ့လက်တွေကလည်း တဖြေးဖြေးနဲ့ဝေးကွာသွားပြီ သူ့လက်တွေကတော့ ငါ့ဆီကိုပဲဦးတည်နေတုန်း
ဘာလို့လဲ ဘာလို့အဲ့ဒီလူဝေးကွာသွားတာကို ငါနာကျင်နေရတာလဲ'!!'
ရုတ်တရက် အနောက်ကိုလှည့်ကြည့်လိုက်မိတယ် မထင်မှတ်ထားတဲ့ အရာပဲ ဓါးတစ်လက်က ကိုယ်တောင်မသိလိုက်ချိန်မှာ ကိုယ့်မျက်စိရှေ့ကိုရောက်နှင့်နေပြီ အားမာန်အပြည့်နဲ့ ဝေ့ရမ်းခံလိုက်ရပြီး လက်ခနဲဖြစ်သွားတဲ့ ဓါးချက်တစ်ချက် ထိုဓါးချက်ကို ရင်မဆိုင်ရဲတာမို့ မျက်လုံးစုံမှိတ်ပြီးပျောက်ကွယ်သွားဖို့သာဆုတောင်းနေလိုက်မိတယ်
"အား...!!"
ကျယ်လောင်စွာ အော်လိုက်မိသော အသံနှင့်အတူ ဝမ်းနည်းစိတ်တို့ နာကျင်မှုတို့နှင့်အတူ နိုးထလာသောသူ
YOU ARE READING
HE
RandomThe city of love လို့တင်စားရတဲ့ Paris မြို့သို့ပညာတော်သင်သွားနေသော အနုပညာကိုချစ်မြတ်နိုးတဲ့ဒယ်ဂူမြို့ကကောင်လေးတစ်ယောက်... နွေကျောင်းပိတ်ရက်မှာ Paris မြို့တော်ကြီးကနေ မွေးရပ်မြေကိုပြန်လာခဲ့ရင်း တစ်စုံတစ်ယောက်ကြောင့်မထင်မှတ်ထားတဲ့ အတိတ်ကိုရှ...