"ဒီနေ့အတွက်တော့ဒီလောက်ပဲ goodbye class"
Lecture ချိန်ပြီးသွားတာနဲ့ လေ့ကျင့်ရေးခန်းထဲမှာ တစ်ယောက်ချင်းစီ တယောထိုးကျင့်ပြကြရတယ်
ပုံမှန်ဆိုရင်တော့ အတန်းသားတွေအကုန်လုံးက လေ့ကျင့်ရေးခန်းထဲမှာ စုပြီး လေ့ကျင့်ရပေမယ့် လူအများနဲ့ လေ့ကျင့်ရတာကို သဘောမကျတဲ့ ကျွန်တော့်အတွက်တော့ အဲ့ဒီအချိန်တိုင်းကို အတန်းလစ်ပြီး တစ်ယောက်တည်း လေ့ကျင့်နိုင်မယ့် သီးသန့်ကိုယ်ပိုင် နေရာလေးမှာပဲ လေ့ကျင့်ဖြစ်တယ်
ဘယ်သူမှ မသိတဲ့ကျွန်တော့်ရဲ့ ကိုယ်ပိုင်နေရာလေးပေါ့အဲ့ဒီနေရာလေးက ကျောင်းစာကြည့်တိုက်ရဲ့ ညာဘက်ထောင့်စွန်းက အခန်းလွတ်လေးဗျ အဲ့ဒီအခန်းလေးကို အရင်တုန်းကတော့ စတိုခန်းအဖြစ်သုံးကြပေမယ့် နောက်ပိုင်း ဂိုထောင်တစ်ခုဆောက်ပြီးကတည်းက သူကလစ်ဟာနေခဲ့တာပေါ့ အခန်းလေးက ဂျောင်နည်းနည်းကျတာမလို့ ဂိုထောင်ဆောက်ပြီးကတည်းက ဘယ်သူမှမသွားတော့ပဲ အထီးကျန်နေရှာတာ
အခန်းလေးရှိရာကို ရောက်တော့ တံခါးကို အသာဖွင့်ပြီး အခန်းထဲကိုဝင်ခဲ့လိုက်တယ် အခန်းထဲမှာ ခုံတစ်လုံးတစ်လေတောင်မရှိတာမို့ ထုံးစံအတိုင်း ပြတင်းပေါက်ဘောင်ပေါ်မှာပဲ နေရာကျကျနန ယူထားလိုက်ပြီး တယောထိုးဖို့ပြင်လိုက်တော့တယ်
အခန်းလေးက ကျောင်းရဲ့ ဒုတိယထပ်မှာရှိတာကြောင့် ပြတင်းပေါက်ဘောင်ပေါ်ကနေ ပဲရစ်မြို့ရဲ့ အထင်ကရ အမှတ်အသားတစ်ခုဖြစ်တဲ့ Eiffel Tower ကြီးကိုလှမ်းမြင်နေရတာပေါ့ tower ကြီးကိုကြည့်ရင်းဘာရယ်မှန်းမသိတဲ့ ခံစားချက်ကြီးတစ်ခုဝင်လာပါလေရောလား တစ်စုံတစ်ရာကို လွမ်းဆွတ်နေသလိုလို တစ်စုံတစ်ရာရဲ့ ဖြစ်တည်မှုကို စောင့်မျှော်နေသလိုလို ခံစားမှုမျိုးက ရင်ထဲကိုလှိုက်ခနဲနေအောင်တိုးဝင်နေတာ ဟိုးအနက်ရှိုင်းဆုံးနေရာတစ်ခုကနေ ဝမ်းနည်းမှုတွေ ပျော်ရွှင်မှုတွေ အစုံရောယှက်ပြီး ခံစားချက်တစ်ခုထွက်ပေါ်လာခဲ့တာပေါ့ အဲ့ဒီခံစားချက်တွေကို သံစဥ်တွေအဖြစ် ချက်ချင်းပဲ ပြောင်းလဲပစ်လိုက်ချင်တယ် ဒီခံစားချက်တွေနဲ့ကိုက်ညီနေတဲ့ ရင်းနှီးပြီးသားသံစဥ်တစ်ပုဒ်ကလည်း အသင့်ရှိနှင့်လေရဲ့
YOU ARE READING
HE
RandomThe city of love လို့တင်စားရတဲ့ Paris မြို့သို့ပညာတော်သင်သွားနေသော အနုပညာကိုချစ်မြတ်နိုးတဲ့ဒယ်ဂူမြို့ကကောင်လေးတစ်ယောက်... နွေကျောင်းပိတ်ရက်မှာ Paris မြို့တော်ကြီးကနေ မွေးရပ်မြေကိုပြန်လာခဲ့ရင်း တစ်စုံတစ်ယောက်ကြောင့်မထင်မှတ်ထားတဲ့ အတိတ်ကိုရှ...