Chapter (4)

19 6 0
                                    

"အားလုံးပဲ အတန်းပြီးတာနဲ့ ကျောင်းကောင်စီအဖွဲ့က မင်းတို့လုပ်ရမှာ​တွေကို​ပြောပြ​ပေးလိမ့်မယ် ကဲဒါဆိုဒီ​နေ့အတွက်​တော့ဒီ​လောက်ပဲ တာဝန်​ကျေလိုက်ကြပါဦး"

အတန်းပိုင်ဆရာက အခန်းအတွင်းသို့ဝင်လာပြီး​ပြောသွားခြင်းပင်

"ဆရာမ သင်စရာရှိတာဆက်သင်ပါ"

ကျွန်​တော်တို့အတန်းကို အတန်းချိန်ကျ​နေတဲ့ဆရာမသို့​​ပြော၍ အတန်းထဲမှထွက်သွားသည် ဆရာမလည်း​​ခေါင်းငြိမ့်ပြပြီး သင်စရာရှိ​သောအတန်းစာ​များကိုဆက်သင်လျက်

ဆရာ​ပြောသွားတာက ခရစ်စမတ်အတွက်​ကျောင်းဂီတ​ဖျော်​​ဖြေ​ရေးပြုလုပ်ဖို့အ​ကြောင်းရယ် နှစ်သစ်ကိုကြိုဆိုဖို့အတွက်​ပြဇာတ်ကဖို့အ​ကြောင်းရယ် နောက်ဆုံးနှစ်​ကျောင်းသား​တွေကိုနှုတ်ဆက်ပွဲအ​ကြောင်းရယ် ဒါ​ကျွန်​တော်တို့ မေဂျာသမား​တွေအတွက် ကိုယ့်ရဲ့အစွမ်းအစ​တွေကိုထုတ်ပြနိုင်မယ့်အခွင့်အ​ရေး​တွေလို့​ပြောလို့ရတယ် ဒီ​​ဖျော်​ဖြေပွဲ​ဆိုတာက ဖျော်​ဖြေပွဲသက်သက်တင်မဟုတ်ဘူး သေချာ​ပေါက် ပြိုင်ပွဲပဲ ဒီ​ဖျော်​ဖြေပွဲ​တွေကို​ ကျွန်​တော်တို့​​ကျောင်းက ကျောင်းသား​တွေအကုန်ပါဝင်ရတယ် ပြီးရင်ဒီပွဲ​တွေကအမှတ်​တွေနဲ့ကျွန်​တော်တို့ရဲ့အရည်အချင်း​တွေကိုဆုံးဖြတ်​ပေးတာ ပြောရရင်စာ​မေးပွဲစစ်တဲ့သ​ဘောပဲ ကျွန်​တော်က အခုမှ​ fresher ကျောင်းသားသစ်ဆို​ပေမယ့် Yoongi hyung ပြောပြထားလို့အကြမ်းဖျင်းနားလည်​​နေပြီ

အတန်းချိန်ကျတဲ့ဆရာမ သင်ပြ​နေသည့် စာများကိုပင် လိုက်မမှတ်နိုင်ပဲ ထိုပြိုင်ပွဲဆီသို့သာစိတ်​ရောက်​နေ​တော့သည်

ခန​နေ​တော့ အတန်းပြီး​ကြောင်းအချက်​ပေးသံအဖြစ် ခေါင်း​လောင်းသံကိုကြားလိုက်ရသည်

"ဒီ​နေ့အတွက်​တော့ဒီ​လောက်ပါပဲ goodbye class"

ဆရာမထွက်သွားပြီးမကြာပါဘူး ကျောင်း​ကောင်စီအဖွဲ့​ ကျွန်​တော်တို့အတန်းထဲကို​ရောက်လာတယ်

HEWhere stories live. Discover now