တီ.. တီ.. တီ..
စားပွဲပေါ်က နာရီနှိုးစက်မှ အသံမြည်လာသည်။ အချိန်မှာ မနက်အစော ၅ နာရီရှိပြီ နာရီနှိုးစက်ကို လက်ဖြင့်လိုက်လံစမ်း၍ပိတ်လိုက်သောသူက အိပ်ချင်မူးတူးမျက်နှာဖြင့် ကုတင်ပေါ်မှထကာ အိပ်ခန်း၏ ဝရံတာဘက်ကို ထွက်လာလိုက်သည်
Paris မြို့၏ မနက်ခင်းအလှကား ရင်သပ်ရှုမောဖွယ် မိုးကုတ်စက်ဝိုင်းပေါ်တွင် ခေါင်းပိုင်းလေးပဲ ပေါ်နေသေးသောနေရောင်ခြည်က မှောင်မိုက်သောညကို ထိုးခွင်းလျက် လေပြေအေးလေးကလည်း တိုးဝှေ့လျက် အတန်ငယ် ရှည်လျားပြီး လှိုင်းလုံးလေးများကဲ့သို့ ကောက်ကွေးနေသော မျက်ဝန်းအစုံကို ကွယ်ဝှက်ထားသည့် ဆံနွယ်များနဲ့ လည်ဂုတ်ပေါ်က ဖြာကျနေသောဆံနွယ်များကလည်း လေနှင်ရာလွင့်လျက်
နွေဦးကိုရောက်ရှိလာပြီဖြစ်ပေမယ့် ဆောင်းရာသီရဲ့ အခိုးအငွေ့တွေကျန်နေကာ အေးမြနေဆဲရာသီဥတုကြောင့် အညိုရောင် ဆွယ်တာတစ်ထည်နှင့် ဘောင်းဘီခပ်ပွပွကိုဝတ်ဆင်ထားသောထိုသူအား နေရောင်ခြည်ပြပြလေးက ခစားလျက် ဘာမှအဆန်းတကြယ်ပြင်ဆင်ထားခြင်း အလျင်းမရှိသော ဒီလူသားက မနက်ခင်းနိုးထချိန်မှာတောင် ပန်းချီကားချပ်ထဲက ခုန်ထွက်လာသလိုလို ပန်းပုထုထားတဲ့ အရုပ်ကလေးလိုလို လှရက်လွန်းသည်
မနက်ခင်းကို လေပြေညှင်းလေးဖြင့် စတင်ထိတွေ့ပြီး တစ်နေ့တာကို လန်းဆန်းစေတတ်သော ထိုသူသည် မျက်လုံးစုံကို မှိတ်၍ ခပ်ယဲ့ယဲ့လေးပြုံးလျက် အေးချမ်းလွန်းလှသည် သို့သော် တစ်စုံတစ်ခုကို သတိရလိုက်ချိန်တွင်တော့ မျက်လုံးများကိုဖြေးဖြေးချင်းပြန်ဖွင့်ရင်း လမ်းမကြီးထက်သို့ အကြည့်များအားလွှဲလိုက်သည် ပြုံးယဲ့ယဲ့ နှုတ်ခမ်းများကလည်း အသက်မဲ့သွားပြီ
ခေတ္တအကြာတွင် အခန်းထဲသို့ပြန်ဝင်လာကာ ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းရှိရာသို့သွားလိုက်တော့သည် ကိုယ်လက်သန့်စင်ပြီးနောက် ပြန်ထွက်လာကာ ဗီရိုထဲတွင် ချိတ်ထားသော အဝတ်အစားများအနက်မှ အနက်ရောင် ကိုယ်ကြပ်ဆွယ်တာတစ်ထည်နှင့် အညိုရောင် style pant တစ်ထည် ကိုတွဲဝတ်လိုက်သည် အညိုရောင် ကုတ်အင်္ကျီအရှည်တစ်ထည်ကို ရွေးထုတ်လိုက်ပြီး လည်ပင်းတွင်လည်း အဖြူအညိုအနက်အကွက်တို့ပါသော ပုဝါတစ်ထည်ကို တင်ထားလျက် အသင့်ချထားသော အညိုရောင် mute အိတ်တစ်လုံးအားဆွဲကာ အခန်းပြင်သို့ထွက်သွားလိုက်တော့သည်
YOU ARE READING
HE
RastgeleThe city of love လို့တင်စားရတဲ့ Paris မြို့သို့ပညာတော်သင်သွားနေသော အနုပညာကိုချစ်မြတ်နိုးတဲ့ဒယ်ဂူမြို့ကကောင်လေးတစ်ယောက်... နွေကျောင်းပိတ်ရက်မှာ Paris မြို့တော်ကြီးကနေ မွေးရပ်မြေကိုပြန်လာခဲ့ရင်း တစ်စုံတစ်ယောက်ကြောင့်မထင်မှတ်ထားတဲ့ အတိတ်ကိုရှ...