"Seoul!"
နောက်ဆုံးတော့ရောက်လာခဲ့ပြီဒီနေရာကို seoul မြို့
အား လွမ်းနေခဲ့တာ ငါဒီကိုမရောက်တာ တစ်နှစ်တောင်ရှိပြီပဲ"Hyung!!"
"Oppa!!"
အသံသေးသေးလေးတွေရှိရာကိုလှည့်ကြည့်မိတော့ သူ့စီကိုအပြေးလေးလာနေတဲ့ ကလေးလေး ၂ ယောက်
"အား ငါ့ကလေးလေးတွေ ဒီအကိုကြီးကိုလွမ်းနေကြတာလား"
ကလေးလေး ၂ ယောက်က သူ့စီကိုပြေးလာပြီး တင်းတင်းကျပ်ကျပ်ဖတ်ထားတော့ သူလည်းပြန်ပြီးဖတ်ထားလိုက်သည်
"မဟုတ်ပါဘူး hyung ပြန်လာရင် လက်ဆောင်ပါလာမယ်ဆိုလို့ ကျွန်တော်တို့အတွက်လက်ဆောင်ဘယ်မှာလဲ"
"ရား Kim Taejin! မင်းအခုမှပြန်တွေ့ရတဲ့အကို ကို အဲ့လိုပြောရသလား"
ကောင်ငယ်လေးရဲ့ ခေါင်းကိုတစ်ချက်ပုတ်လိုက်ပြီး ဆူတော့သည်
"အင်းလေ Taehyung oppa က ခုမှပြန်ရောက်တာကိုအဲ့လိုပြောရလား oppa က"
ကလေးမလေးကပါဝင်ပြောတော့ ကောင်ငယ်လေးခမျာ မိဘတွေထံသာကပ်နေရတော့သည်
"အိုမား အာပါး သားက ဒီအတိုင်းစလိုက်တာကို တကယ်ကြီးဆူနေကြတယ် ㅠㅠ"
ငိုမဲ့မဲ့အသံလေးနဲ့ ပြောတော့ မိဘနှစ်ပါးခမျာ ရီရခက် ငိုရခက် ဒီမောင်နှမတွေက အချင်းချင်း ဒီလိုပဲစနောက်နေကြမလား
"ကဲပါကလေးတို့ရယ် လာလာအိမ်ပြန်ကြရအောင် လေဆိပ်မှာ ရန်ဖြစ်မနေကြနဲ့"
အာပါးရဲ့ စကားနောက်တွင် ကလေးတို့အားလုံး ကားထဲသို့ပြေးဝင်သွားတော့သည်
ကားထဲသို့ရောက်၍ အိမ်သို့ပြန်လာခဲ့သောလမ်းတွင်
"အာပါး အိုမား ဘယ်လိုလုပ် ပဲရစ်ထိ ရောက်လာကြတာလဲ"
YOU ARE READING
HE
RandomThe city of love လို့တင်စားရတဲ့ Paris မြို့သို့ပညာတော်သင်သွားနေသော အနုပညာကိုချစ်မြတ်နိုးတဲ့ဒယ်ဂူမြို့ကကောင်လေးတစ်ယောက်... နွေကျောင်းပိတ်ရက်မှာ Paris မြို့တော်ကြီးကနေ မွေးရပ်မြေကိုပြန်လာခဲ့ရင်း တစ်စုံတစ်ယောက်ကြောင့်မထင်မှတ်ထားတဲ့ အတိတ်ကိုရှ...