Chapter •<3>•

22 6 0
                                    

အသံပိုင်ရှင်ကို ရှာမ​တွေ့နိုင်ခင်ပဲ တစ်စုံတစ်​ယောက်​ကြောင့် ကျွန်​တော်အသိစိတ်ပြန်ဝင်လာခဲ့တယ်

"Taehyung မင်းအဆင်​ပြေရဲ့လား?"

ရုတ်တရက် Taehyung ၏ပုခုံး​ကိုတစ်စုံတစ်​ယောက်က လက်နှင့်လာပုတ်လိုက်သည် ထိုသူမှာအခြားမဟုတ် Yoongiပင်

"....ဗျာ? ..ဟုတ်.. ဟုတ်အဆင်​ပြေပါတယ်"

"မင်းကြည့်ရတာ​ဖျော့​တော့​နေတာပဲ တကယ်အဆင်​ပြေတာ​ကော ဟုတ်ရဲ့လား"

"ဟုတ် ပြေပါတယ် hyung ကျွန်​​တော်​ခေါင်းနည်းနည်းမူးသွားလို့ပါ"

"ချွေးစီး​တွေလည်းထွက်​နေတာပဲ မင်း​နေ​ရော​ကောင်းရဲ့လား ဆေး​သောက်မလား ငါ့မှာ​​ဆေးပါတယ်"

"ဆေး​​သောက်စရာ​တော့မလို​လောက်ပါဘူး ဒီအတိုင်းစာဖတ်တာနည်းနည်းများသွားလို့​နေမယ်"

"အေးပါ... မင်းအဆင်​ပြေရင်ပြီးတာပါပဲ"

"ဒါနဲ့ hyung က ဒီအချိန်ကြီး စာကြည့်တိုက်ထဲ
ဘာလာလုပ်တာလဲ? မဟုတ်မှလွဲ​ရော....."

"ဟုတ်တယ် မင်းထင်​နေတဲ့အတိုင်းပဲ"

"တကယ် ထမင်းစားဆင်းချိန်​တောင်​ရောက်​နေပြီလား??"

"ဒါ​​ပေါ့ အရူးလေးရဲ့ ငါကမင်းလိုအတန်းမလစ်တတ်ဘူး​လေ ကဲလာထမင်းသွားစားမယ်"

"Hyung ခန​လေး ကျွန်​တော်ဒါ​လေးပြီး​အောင်ဖတ်လိုက်ဦးမယ်"

"ကဲလာပါ.. ထမင်းအရင်စားပြီးမှ ဖတ်ရ​အောင်ပါ ငါလည်းပြီးရင် မင်းနဲ့အတူလာဖတ်​ပေးပါ့မယ်"

"ဒါ​ပေမယ့်...."

"အစာအိမ်ထိ​မယ် Taehyung ရ ခုနက​ခေါင်းမူး​နေတာမလား လာပါဆိုကွာ"

"ဟုတ်ကဲ့ပါ... အဲ့ဒါဆိုလည်း ထမင်းအရင်သွားစားကြတာ​ပေါ့"

ထမင်းစားချိန်​တောင်​ရောက်​နေပြီတဲ့လား ငါအဲ့​လောက်​တောင် မေ့​မြောသွားတာလား? ခုနက ငါမြင်ခဲ့တာ​တွေကို hyung ကို​ပြောပြလိုက်မလား ဒါ​ပေမယ့် ပြောပြလိုက်ရင် hyungက ငါ့ကိုရူး​နေတယ်လို့ထင်သွားမှာ အား Taehyung အဲ့အ​ကြောင်း​တွေ မ​တွေး​နဲ့​တော့ မ​တွေးနဲ့​တော့

HEWhere stories live. Discover now