"Taehyung!"
အတန်းထဲသို့ဝင်လိုက်ရုံပင် ရှိသေးသည် အထဲမှ Sungja က လက်ပြ၍ပြုံးပြလျက်
ကျွန်တော်လည်းလက်ကိုရမ်းခါ၍ ပြန်နှုတ်ဆက်လိုက်သည်
ဒီအတောအတွင်းမှာကျွန်တော်သူတို့နဲ့ ပိုရင်းနှီးလာတယ်ပြောရမယ် စကားပြောရတာပိုအဆင်ပြေလာပြီး သူတို့နဲ့အချိန်တွေပိုဖြုန်းဖြစ်လာတယ် ပွဲကြောင့်ပိုဖြုန်းဖြစ်လာတာလဲပါတာပေါ့ Minhyun နဲ့ Jeonhan တို့ကလည်းကျွန်တော့်အပေါ်ကိုကောင်းကောင်းဆက်ဆံပေးကြတယ် သူတို့ကတကယ်ဖော်ရွေတဲ့သူတွေပါ ဒါပေမယ့် သူတို့ကျွန်တော့်အပေါ်ကို တကယ့်စိတ်ရင်းနဲ့ကောင်းပေးတာလား အရင်လိုပဲမြင်နေသလားဆိုတာ ဘယ်သူသိနိုင်မှာလဲပြီးတော့.... Sungjae သူ့အကြောင်းတွေလည်း ပိုသိလာရတယ် ကိုရီးယားနိုင်ငံမှာ မူလတန်းကစပြီး အထက်တန်းအထိ တယောကို တစ်နိုင်ငံလုံးမှာ ပထမဆွဲလာခဲ့သူ သူ့ရဲ့မျိုးရိုးကလည်း နာမည်ကြီးတယောပညာရှင်တွေ စန္ဒရားပညာရှင်တွေကနေ ဆင်းသက်လာတဲ့သူတဲ့။ အားလုံးက အားကျရတဲ့သူ အားလုံးရဲ့ချစ်ခင်နှစ်သက်မှုတွေကိုလည်းရရှိနေပြီး တယောနဲ့ပတ်သက်လာရင် နှစ်ကြီးသမားတွေ တစ်ချို့ပညာရှင်တွေတောင် သူ့ရဲ့လက်ရည်ကိုလိုက်မမှီနိုင်လောက်အောင်ကိုတော်တဲ့သူ တကယ့်ကို ပြိုင်ဘက်ကောင်းတစ်ယောက်လို့လည်းပြောလို့ရတာပေါ့
ကျွန်တော်တို့က တစ်ဖွဲ့တည်းသားချင်းတွေမလို့ ဒီပြိုင်ပွဲမှာအတူတွဲလုပ်ရမယ်ဆိုတာမှန်ပေမယ့် တစ်နေ့နေ့တစ်ချိန်ချိန်မှာ ပြိုင်ဘက်တွေဖြစ်လာမှာအသေအချာပဲ သူ့စိတ်ထဲမှာတော့ ကျွန်တော့်ကို ပြိုင်ဘက်တစ်ယောက်လို့သဘောမထားနိုင်လောက်ပေမယ့် ကျွန်တော်ကတော့ သူ့ကိုပြိုင်ဘက်လို့သဘောထားမိတယ်
"ရာ... Taehyung နောက်ကျလိုက်တာကွာ ငါတို့ကမင်းကိုစောင့်နေတာကွ"
"ငါနေတဲ့နေရာနဲ့ဝေးလို့ လာရတာနည်းနည်းနောက်ကျသွားတာ ဒါနဲ့မင်းတို့ကဘာလို့ငါကို စောင့်နေကြတာလဲ?"
YOU ARE READING
HE
RandomThe city of love လို့တင်စားရတဲ့ Paris မြို့သို့ပညာတော်သင်သွားနေသော အနုပညာကိုချစ်မြတ်နိုးတဲ့ဒယ်ဂူမြို့ကကောင်လေးတစ်ယောက်... နွေကျောင်းပိတ်ရက်မှာ Paris မြို့တော်ကြီးကနေ မွေးရပ်မြေကိုပြန်လာခဲ့ရင်း တစ်စုံတစ်ယောက်ကြောင့်မထင်မှတ်ထားတဲ့ အတိတ်ကိုရှ...