Prologue

22K 1.2K 284
                                    

"ထယ်ထယ်တစ်ယောက်တည်းသွား
ပါမယ်ဆိုနေ ဘာလို့အနောက်ကလိုက်
နေကြတာလဲ?? ထယ်ထယ်စိတ်တိုလာ
ပြီနော်!!"

ခြေညှပ်ဖိနပ်စီးထားသည့်‌ခြေထောက်
သွယ်သွယ်‌လေးကိုဆောင့်ချကာအနောက်
ကထပ်ကြပ်မကွာလိုက်နေသည့်Bodygurd
တွေကိုနှုတ်ခမ်းဆူကာပြောသောကင်မ်gp
၏သည်းသည်းလှုပ်အချစ်တော်လေးကင်မ်
ထယ်ယောင်း။

"မရလို့ပါ သခင်လေးထယ် အကိုကြီး
တို့သိရင်ကျတော်တို့အလုပ်ပြုတ်ပါ
လိမ့်မယ်"

"ထယ်ထယ်စိတ်တိုလာပြီနော်
ဒီiphoneကြီးကိုပေါက်ခွဲလိုက်
ရမလားပြော"

နေကာမျက်မှန်ချွတ်ကာဘောင်းဘီအိတ်
ထဲကIphoneကိုမြှောက်ပြကာပြောတော့
Bodyguardတွေမှာမျက်ခုံးတစ်လှုပ်လှုပ်
ရယ်။

ဒီသခင်လေးအတွက်ကiphoneဈေးနှုန်း
လောက်ကမုန့်ပဲသရေစာဖိုးလောက်ပဲရှိပေ
မယ့်သာမာန်လူတန်းစားဖြစ်သည့်သူတို့အဖို့
တော့တစ်အိမ်လုံးအတွက်တစ်နှစ်စာဈေးဖိုး
လောက်ရှိသည်။

"မလုပ်ပါနဲ့သခင်လေးရယ်"

"ဒါဆိုထယ်ထယ့်နောက်ကိုဆက်
မလိုက်နဲ့ ထယ်ထယ်စိတ်တိုလာ
ရင်အကိုလတ်နဲ့တိုင်ပြောမှာဟွန်း"

ဘောက်ဆက်ဘောက်ဆက်ထွက်
သွားသည့်သခင်လေးကိုကြည့်ပြီး
bodygurdတွေမှာရှေ့ပဲဆက်လိုက်
ရမလို၊အနောက်လှည့်ပြန်ရလိုဖြစ်ကုန်
ရသည်။

သို့ပေမယ့်ကင်မ်အငယ်ဆုံးလေး
ဒေါသကိုတော့သူတို့ကြောက်ပါသည်။

_______

Bodyguardတွေကိုကျိန်းပြီးခုန်ဆွခုန်ဆွ
လုပ်ကာထွက်လာသည့်ထယ်ယောင်းငယ်။

အမြဲတမ်းအနောက်ကထပ်ကြပ်မကွာ
လိုက်နေကြသောကြောင့်လွတ်လွတ်
လပ်လပ်မရှိ။

အခုတော့တစ်ယောက်တည်းလွတ်လပ်
ကာနေကာမျက်မှန်လေးတပ်ပြီးစတိုင်
မလိုင်ဖြင့်လျှောက်နေလိုက်သည်။

လမ်းမှာတွေ့တဲ့မဒီတိုင်းကထယ်ထယ်
လေးကိုကြည့်သွားကြသည်မို့ဆံပင်
လေးကိုဟန်ပါပါတစ်ချက်သပ်လိုက်
သည်။

မေမေကတော့သူ့သားတွေထဲထယ်
ထယ်လေးကအချောဆုံးတဲ့။

ဟုတ်လည်းဟုတ်ပါတယ်လေ။

My Boss Babe√Where stories live. Discover now