✨9✨

7K 643 346
                                    

ကျောင်းဖွင့်ရက် ဖြစ်သဖြင့်
ဟန်ဆန်းကျောင်းတွင်ကျောင်း
သား၊ကျောင်းသူများ၏စာအံ
သံစာဆိုသံများဖြင့်ကျောင်းဝန်း
အတွင်းငြံလျက်ရှိသည်။

ထိုစဉ် ကျောင်းဝင်းထဲသို့
အမဲရောင်ဇိမ်ခံကားတစ်စီး
ဝင်လာလေသည်။

ထိုအပေါ်မှဆင်းလာသူကား
နေကာမျက်မှန် အမဲတပ်ကာ
ဦးထုပ်အမဲခပ်ငိုက်ငိုက်ဆောင်း
ထားပြီးmaskအမဲ၊ all black
Outfitဝတ်ထားသူပက်ခ်ဂျီမင်း။

ကျောင်းဂိတ်တွင် စောင့်‌နေ
သည့်ဂိတ်စောင့်မှာတော့
Idolကျောင်းထဲလာသည်
ဟုထင်ကာအံ့ဩပြီးအိမ်
ကသမီးကိုပြရန်ဓာတ်ပုံတွေ
ရိုက်နေတော့သည်။

ကျောင်းစင်္ကြန်ရှိကျောင်း
သားများ၏ကွက်ကြည့်
ကွက်ကြည့်ခံရသော်လည်း
ဂျီမင်းသည်သူအလိုရှိရာ
အရပ်ကိုဆက်သွားနေဆဲသာ။

ကျောင်းဝင်းထဲကကျောင်း
သားများနှင့်ဆရာတွေမှာ
တော့ကျောင်းကိုနာမည်ကြီး
Idolလာသည်ဟုမှတ်ချက်ပေး
၍အံ့ဩကာကြည့်နေကြ၏။

ဂျီမင်းမှာတော့ညီငယ်ဖြစ်သူ
ကိုလာချောင်းရင်းချစ်ရသူ
ကိုကို့ဆီလည်းလာကာတစ်
ချက်ခုတ်နှစ်ချက်ပြတ်အစီ
အစဉ်နဲ့လာသော်လည်းညီ
ငယ်ဖြစ်သူရိပ်မိမှာစိုးသဖြင့်
ကုပ်ချောင်း‌‌ကုပ်ချောင်းသွား
နေရသလို၊ ဝတ်ထားတဲ့outfit
ဆောင်းထားရသည့်ဦးထုပ်၊
တပ်ထားရသည့်maskကြောင့်
လူကချွေးထုတ်ခန်းသွားစရာ
မလိုအောင်ဖြစ်နေရ၏။

ညီငယ်ဖြစ်သူကို ပိုးလိုဉကာ
မွေးထားတာဖြစ်သဖြင့်ကျောင်းမှာ
အနှောင့်ယှက်ခံရတယ်ဆိုတဲ့ကိစ္စ
ကြောင့်အကိုတစ်ယောက်အနေနဲ့
လုံးဝမခွင့်လွှတ်နိုင်ပါ။

ထို့ကြောင့် တစ်ဖက်ကျောင်း
သားတွေကိုလာကြည့်ရန်အခု
လိုသူခိုးလိုလို၊idolလိုလိုလာရ
ခြင်းဖြစ်လေသည်။

သို့သော် လျှောက်သာလျှောက်
လာ‌ပေမယ့်ကျောင်းအုပ်ရုံးခန်း
ကဘယ်မှာရှိလည်းမသိပေ။

ချစ်သူနှစ်ယောက်
ဒိတ်ရင်လည်းအပြင်မှာ
ဒိတ်ကြသည်မို့ရုံးခန်းမသိ
တာအဆန်းတော့မဟုတ်‌ချေ။

ကျောင်းရုံးခန်းမ‌မပြောနဲ့
ကျောင်းဝင်းထဲတောင်အခုမှ
ရောက်ဖူးခြင်းဖြစ်သည်။

My Boss Babe√Donde viven las historias. Descúbrelo ahora