✨2✨

9.9K 948 314
                                    

ဂျောင်ကုတကယ်စိတ်အိုက်မိပါသည်။

အကြောင်းမှာကားဂျောင်ကုရှေ့က
ထိုလက်ရဲဇက်ရဲလေးသည်ဂျောင်ကု
ကိုသူစားတဲ့စတော်ဘယ်ရီသဖွယ်
စူးစိုက်ကြည့်နေသောကြောင့်ဖြစ်သည်။

ဟိုနေ့က‌ဂျောင်ကုအငိုက်မိသွားလို့
သာအနမ်းခံလိုက်ရတာအခုတော့
ဂျောင်ကုအငိုက်မိလို့မဖြစ်တော့ချေ။

အားကိုးစရာဒယ်ဟန်ကလည်းထို
ကလေးထွက်သွားခိုင်းသောကြောင့်
ထွက်သွားပြီမို့ဂျောင်ကုနှင့်ထိုလက်
ရဲဇက်ရဲလေးနှစ်ယောက်သာကျန်ခဲ့
လေသည်။

အခုထိဘာစကားမှမဆိုလာသော
ထိုကလေးကိုဂျောင်ကုမှာခပ်လန့်
လန့်ရယ်။

"ဘာပြောမလို့လဲဟင်"

ဂျောင်ကုပြောလိုက်တော့ထိုကလေး
ကမျက်လုံးလေးမှိတ်ကျသည်အထိ
ပြုံးပြလာသည်။

"ဟိုတစ်နေ့ကစတော်ဘယ်ရီလေး
ကလေကိုကိုဝယ်ကျွေးတာမို့လို့
လားမသိဘူး၊ အရမ်းစား‌လို့ကောင်း
တာဘဲ၊ အဲ့တာအဲ့အကြွေးလေးထပ်
ဆပ်ရအုံးမလားဟင်"

အကြွေးဆပ်မည်ဆိုသောစကား
ကြောင့်ဂျောင်ကုလက်ကပါးစပ်
ကို‌အော်တိုအုပ်ပြီးသား။

ဟိုတစ်ခါကလည်းအကြွေးဆပ်
မယ်ဆိုပြီးအလစ်သုတ်နမ်းသွား
ခဲ့တာလေ။

ထယ်ထယ်လေးရှေ့ကမျက်လုံး
ပြူးကာပါးစပ်လေးအုပ်ထားသည့်
ကိုကို့ကိုကြည့်ရင်းထယ်ထယ်လေး
အသည်းယားမိသည်။

ထယ်ထယ်လေးကကြောက်စရာ
မကောင်းပါဘဲကိုကိုကကြောက်နေ
သည့်ပုံ။

တကယ်ဆိုထယ်ထယ်လေးကခရုတီ
ဘွိုင်းလေးပဲဟာကို။

"ဘာလို့နှုတ်ခမ်းလေးအုပ်ထားတာ
တုန်း?? ထယ်ထယ်ကထပ်မနမ်းပါ
ဘူးစိတ်ချ၊ နောက်မှကိုကိုနမ်းပါဆို
မှနမ်းမှာဟီး"

ထိုကလေး၏နောက်ဆုံးစကားကို
မကြားချင်ယောင်ဆောင်ကာ..

"အကြွေးကပြန်ဆပ်စရာမလိုပါဘူး
ဒီအတိုင်းဝယ်ကျွေးတယ်လို့ပဲ
သဘောထားလိုက်ပါ"

"ထယ်ထယ့်ကိုချစ်လို့ဝယ်ကျွေး
တယ်လို့ပဲသတ်မှတ်လိုက်‌မယ်နော်ဟီး
အခုထယ်ထယ်ကကိုကို့ကျောင်းကို
ပြောင်းလာတာမို့ထယ်ထယ်နဲ့ထမင်း
အတူစားပေးရမယ်၊ ထယ်ထယ်နဲ့စာ
အတူလုပ်ပေးရမယ်..နော်"

My Boss Babe√Donde viven las historias. Descúbrelo ahora