✨15✨

6.3K 628 245
                                    

"ကိုကြီး! ဘာလို့သူ့ကိုဖမ်းလာတာလဲ
အားလုံးရှုပ်ကုန်တော့မှာပဲ!"

"ငါတို့အတွက်ငွေတွင်းလေ ယောင်းအူရာ!"

ညီအကိုနှစ်ယောက်နေသည့်
အခန်းကျဉ်းလေးထဲသို့ ထယ်ထယ်လေး
ကိုခေါ်လာကာကြိုးတုပ်ရက်လေးထောင့်
တစ်နေရာမှာချထားသည်။

မေ့ဆေးကြောင့်
ထယ်ထယ်လေးမှာ မနိုးသေးပေ။

ယောင်းအူကတော့
ကင်မ်မိသားစုရဲ့ သည်းညှာလေးကို
ပြန်ပေးဆွဲလာသည့် ကိုကြီးကြောင့်
ခေါင်းမီးတောက်နေပါတော့သည်။

ဒီလိုနဲ့ ပိုက်ဆံရှာရင်း
ဂျေးအောင်းရမှာတော့
မဟုတ်ဘူးမလား။

"အခုလောက်ဆို သူ့မိသားစုက
ပျောက်နေတာကိုသိနေကြလောက်ပြီ
ဒီလိုနဲ့ ဂျေးအောင်းရတော့မှာပဲကိုကြီးရယ်"

"မင်းကလည်း ငါ့ညီမဟုတ်သလိုပဲ
ပိုက်ဆံတောင်းပြီးပိုက်ဆံရောက်လာ
တာနဲ့ ဒီကောင်လေးကိုတစ်နေရာမှာ
ချထားခဲ့မယ် ပြီးရင်ဖုန်းဆက်ပြီးပြန်
ခေါ်ခိုင်းလိုက်မယ်ပြီးနေတာပဲလေ
ငါပြန်ပေးဆွဲနည်းတွေကြည့်ထားပါတယ်"

ကိုကြီးစကားကြောင့် ယောင်းအူ
စိတ်လေသလိုကြည့်ကာလေပူတွေ
မှုတ်ထုတ်လိုက်တော့သည်။

ကိုကြီးက ရုပ်ရှင်
အကြည့်လွန်သွားပြီ။

ရုပ်ရှင်နဲ့လက်တွေ့
ခြားနားတာသူမသိဘူး။

နားထဲ ရဲကားသံတွေတောင်
ကြားယောင်လာသလိုပဲ။

နှစ်ယောက်သား စကားပြောနေတုန်း
ကြိုးတုပ်ခံထားရသည့်ထယ်ထယ်လေးမှာ
သန်းဝေကာနိုးလာတော့သည်။

မြင်လိုက်ရသည့်နေရာစိမ်းရယ်
ကြိုးတုပ်ခံထားရသည့် လက်ကြောင့်
ထယ်ထယ်လေးအံ့ဩကာ ပတ်ဝန်းကျင်ကို
အကဲခတ်ကြည့်တော့ဦးလေးကြီးနှစ်ယောက်ကို
တွေ့လိုက်ရသည်။

ထယ်ထယ်လေးက
သူများတွေလို မကြောက်တတ်ပါ။

အဲ...တစ်ခုတော့
ကြောက်တတ်ပါသည်။

အဲ့တာက ကိုကိုဂျွန်နဲ့
ဝေးရမှာကိုဖြစ်သည်။

"ဒီမှာ!"

My Boss Babe√Where stories live. Discover now