✨8✨

6.9K 730 474
                                    

ငယ်စဉ်ကတည်းကစာကို
သာလုပ်ခဲ့သည့်ဂျောင်ကု
အဖို့ပြင်ပဗဟုသုတအတွေ့
အကြုံဟာသိပ်ကိုနည်းလွန်းသည်။

ရည်းစားစကားလာပြောသူများ
ရှိကြပေမယ့်လည်းဂျောင်ကုဆို
တာကမ္ဘာ့အချေဆုံးနည်းနဲ့မချေ
ရင်တောင်ငြင်းလွှတ်ခဲ့တာတွေချည်း။

အခုတော့ လက်ရဲဇက်ရဲလေးနဲ့
တွေ့မှခနခနအနမ်းခံနေရတဲ့အပြင်
လက်ရဲဇက်ရဲလည်းသိပ်ဆန်လွန်း
သည်မို့ ဂျောင်ကုမှာကြာရင်နှလုံး
ရောဂါရတော့မှာကျိန်းသေပင်။

ချေခဲ့ဖူးသည့်ဂျောင်ကုဟာ
လည်းထိုလက်ရဲဇက်ရဲလေးနဲ့
ဆိုချေမည့်အစီအစဉ်များဟာ
သဲထဲရေသွန်သလို။

အခုလည်းကားပေါ်မှာကားစီးရင်း
ဂျောင်ကုကိုဝါးစားမတတ်ကြည့်နေ
သောလက်ရဲဇက်ရဲလေးကြောင့်ဂျောင်ကု
မှာAir con ကားထဲတစ်ယောက်ထဲချွေး
ပြန်နေရသည်။

လူတစ်ယောက်လုံး ဘေးမှာထားပြီး
ပေါ်တင်ကြီးစိုက်ကြည့်တာဆိုတော့
အနည်းနဲ့အများတော့ရင်တုန်သလိုလို
ခံစားမိတာတော့အမှန်ပဲ။

"ကိုကိုက အရမ်းချောတာဘဲနော်
ကြည့်လေကြည့်လေချောလေဟီး
ထယ်ထယ်လေးကလည်းချောတော့
ထယ်ထယ်လေးတို့ကလိုက်ဖက်တဲ့
ဘဝဖြစ်‌နေတာပေါ့"

ပြောလည်းပြော
ဂျောင်ကုလက်မောင်းကို
ဘတ်ခနဲရိုက်‌လိုက်သော
ထယ်ထယ်လေးပါပင်။

ရိုက်တာအားပါလား၊
မပါလားတော့မသိ
ဂျောင်ကုလက်မောင်း
တော့အောင့်သွားပါသည်။

မျက်လုံးရွှဲကြီးနဲ့
ကြည့်နေသောလက်ရဲဇက်ရဲ
လေးကြောင့်ဂျောင်ကုအနေရ
ခက်လာသည်မို့ စကားပြောရန်
လမ်းစရှာလိုက်တော့သည်။

ကြာကြာနေရင်လူကနေ
သူအငွေ့ဘဝပြောင်းတော့
မည်လေ။

"စာသင်တာ ထယ့်အဖေသိလား
တော်ကြာ ဟျောင်းန်ကိုတစ်မျိုး
ထင်နေမှာစိုးတယ်ရယ်"

ကိုကို့စကားကြောင့်
ထယ်ထယ်လေးဆံပင်
သပ်တင်လိုက်ရင်း..

"ကိုကိုက ထယ်ထယ်လေး
အနာဂတ်ယောကျာ်းလောင်း
ပဲဟာ ဒယ်ဒယ်ကဘာပြောမှာ
မို့လို့လဲ? အေးဆေး..!
မရှိန်ပါနဲ့ ကြောက်လည်း
မကြောက်နေနဲ့..! ထယ်ထယ်
လေးက ကိုကို့ရှေ့မှာရှိတယ်"

My Boss Babe√Wo Geschichten leben. Entdecke jetzt