✨7✨

6.8K 728 318
                                    

အနိုင်ကျင့်မယ့်‌ ကောင်‌တွေကိုဆော်ပ
လော်တီးလိုက်တာ ထယ်ထယ်လေး
ဆိုပေမယ့်ဒီယုန်မြင်လို့ ဒီချုံထွင်တဲ့
အနေနဲ့ကိုကို့ရင်ခွင်ထဲတစ်ကိုယ်လုံး
ပစ်ဝင်ကာသန်းထားသည့်အရှိန်ကြောင့်
ကျလာသည့်မျက်ရည်များနှင့်ငိုနေ
လိုက်သည်။

ကိုကိုကတော့ ထယ်ထယ်လေးကို
စိတ်တအားပူနေသည်ထင်ကျော
လေးကိုပုတ်ပေးရင်းအသည်းအသန်
ကိုမေးလို့နေသည်။

"ထယ်! ဘာဖြစ်တာလဲ ဘယ်သူဘာလုပ်
လဲပြောဟျောင်းန်ကို"

ရင်ခွင်ထဲက လက်ရဲဇက်ရဲလေးကို
မေးတော့ကြမ်းပြင်မှာအတုံးအရုန်း
လဲနေတဲ့ကျောင်းသားတွေကိုလက်
ညိုးထိုးကာ..

"သူတို့ထယ်ထယ်လေးကို ဆွဲလာရမ်း
လားနဲ့လုပ်တယ် အဟင့် ကိုကိုရယ်
ထယ်ထယ်လေး ရင်တွေတုန်ပြီး
ကြောက်နေခဲ့တာ"

ပြောပြီးတာနဲ့ ကိုကို့ခါးလေးကို
တင်းကျပ်စွာပြန်ဖက်ထားလိုက်သည်။

အသားယူလို့ရတုန်းလေး ရအောင်ယူ
ထားရမည်လေ။

ဂျောင်ကုလည်း မြေပြင်ကကျောင်းသား
တွေကိုတစ်လှည့်၊ ရင်ခွင်ထဲဝင်ငိုနေသည့်
လက်ရဲဇက်ရဲလေးကိုတစ်လှည့်ကြည့်ကာ
အကဲခတ်နေမိသည်။

နေပါအုံး..ဘယ်သူကဘယ်သူ့ကို
အနိုင်ကျင့်တာတဲ့တုန်း။

ရင်ခွင်ထဲက ကိုယ်ငယ်လေးကလည်း
တစ်ကိုယ်လုံးတုန်ရင်နေပြီး ငိုနေတာမို့
သူလေးလိမ်နေတာတော့မဟုတ်တန်ရာ။

"‌ဟုတ်ပြီ..ဟျောင်းန် သူတို့ကိုရုံးခန်းပို့
မယ်နော်၊ ထယ်ကလည်းမငိုနဲ့တော့
တိတ်တော့၊ ပြီးတော့ ဟျောင်းန်အကျီ
လေးကိုလည်းလွှတ်ပေးပါဦး ဟျောင်းန်
လည်ပင်းအစ်နေပြီ"

ထိုလက်ရဲဇက်ရဲလေးက ခါးကိုလည်း
တင်းနေအောင်ဖက်ထားသေးသလို
အခုကျ လည်ပင်းကိုဖက်ကာငိုနေတာ
မို့ လည်ပင်းကအကျီစကတစ်နေပြီး
ဂျောင်ကုမှာအသက်ရူတောင်မဝနိုင်
တော့ချေ။

ရုံးခန်းမရောက်ခင် ဆေးရုံအရင်ရောက်
မည့်သူက ဂျောင်ကုဖြစ်သွားနိုင်တာမို့
ပြောလိုက်တော့ 'sorrry'ဟုဆိုကာဖက်
ထားတာကိုခွာသွားရင်း လက်မောင်းမှာ
ပါးလေးလာကပ်ထားပြန်၏။

My Boss Babe√Hikayelerin yaşadığı yer. Şimdi keşfedin