✨4✨

7.9K 844 338
                                    

"မင်္ဂလာပါ..မေမေ"

ဟူ၍နှုတ်ဆက်သောကင်မ်အငယ်လေး
ကြောင့်Mrs.Jeonမှာအံ့ဩသွားရသည်။

ဂျောင်ကုတို့သုံး‌ယောက်လည်းပါးစပ်
အဟောင်းသားဖြင့်အံ့ဩနေကြလျက်..။

"ကျတော့်နာမည်ကကင်မ်ထယ်ယောင်းပါ
ကိုကို့ကောင်လေးဖြစ်မယ့်သူပါ..ဟီး"

ထယ်ထယ်လေးအရိုအသေပြုရင်းဂုဏ်
ပုဒ်ကိုပါထည့်ကာမိတ်ဆက်လိုက်သည်။

မဟုတ်လည်းနောက်ဆိုယောက္ခမ
သားမက်ဆက်ဆံရေးတော်ရမှာ
ဆိုတော့ကြိုတင်မိတ်ဆက်ထား
လည်းမဆိုးနိုင်ဘူးလေ..။

ကိုကို့ကောင်လေးဆိုသည့်အသုံးအနှုန်း
ကြောင့်ဂျောင်ကုမှာမျက်လုံးပြူးသွားရသည်။

ဒီကောင်လေးကလက်ရဲဇက်ရဲတင်မကဘူး။

ပြောရဲဆိုရဲရပ်ကွက်ကပါလာသည်ထင်ပါ့။

"ဪ...အင်းအင်း ထိုင်လေသား"

Mrs.Jeonမှာလည်းကြောင်အမ်းအမ်းနဲ့
ထိုင်ရန်ပြောလိုက်သည်။

ကင်မ်အငယ်လေးကကင်မ်gpရဲ့
သည်းသည်းလှုပ်အချစ်ခံလေးမို့
စကားပြောဆင်ခြင်ရသည်လေ။

"မေမေကလည်းနောက်လည်းသားမက်
တော်ရမယ့်ဟာစိမ်းမနေပါနဲ့ထယ်ထယ်
လေးနေတတ်တယ်..ဟီး"

ထယ်‌ထယ်လေးနေကာမျက်မှန်ကိုအကျီ
ရင်ဘတ်မှာချိတ်ကာပြောလိုက်သည်။

ယောက္မလောင်းကြီးကထယ်ထယ်
လေးကိုရှိန်နေပုံရသည်။

"ဟုတ်ပြီ ခနစောင့်နော် ခေါက်ဆွဲလေး
ပြင်‌ပေးမယ်"

Mrs.Jeonလည်းသားငယ်လက်ကို
ဆွဲပြီးသားကြီးနဲ့ကင်မ်အငယ်‌လေး
ကိုတစ်ချက်ကြည့်ပြီးမီးဖိုဘက်
ခေါ်လာလိုက်သည်။

"ဂျောင်ဝန်း!ကင်မ်အငယ်လေးနဲ့ဘယ်လို
လုပ်ပြီးတွေ့လာတာလဲ၊ ကျောင်းယူနီဖောင်း
အရသားတို့ကျောင်းကိုပြောင်းလာတာလား"

"ဟုတ်တယ်မေမေရေ..ကင်မ်အငယ်လေး
ကဂျောင်ကုဟျောင်းန်ကိုပစ်ကြွေနေတာလေ
ဟျောင်န်းကသာအူလည်လည်နဲ့ဟိုကပိုပို
တောင်ပေးပြီးပြီတဲ့"

"ဟေ!!"

Mrs.Jeonမှာအံ့ဩရင်းအံ့ဩနေရသည်။

သူမသားအကြီးအကြောင်းကိုသူမအသိဆုံး။

My Boss Babe√Donde viven las historias. Descúbrelo ahora