✨13✨

6.8K 635 152
                                    

ကားပေါ်တက်တော့လည်း
ဘိုဂမ်က အရှေ့ခန်းမှာ
ထယ်ထယ်လေးကိုခေါ်ထိုင်ရန်
လုပ်တော့ ဂျောင်ကုကပါအားကျမခံ
ထယ်ထယ်လေးလက်ကိုဆွဲကာ
အနောက်ခန်းကိုခေါ်ထိုင်ရန်လုပ်သည်။

ကြားထဲက အဆွဲခံနေရသည့်
ထယ်ထယ်လေးမှာတော့
နှစ်ယောက်စလုံးကို မျက်စောင်း
လေးခဲရင်းလက်ကိုဖြုတ်ချသည်။

"ဘယ်လိုဖြစ်လို့ ထယ်ထယ့်ကို
ဆွဲလားရမ်းလားလုပ်နေတာလဲ
ထယ်ထယ်လေးဖားကင်လိုကား
တော့မှာပဲ ဒီနှစ်ယောက်နဲ့တော့!"

ထယ်ထယ်လေး လက်ကို
ဖြုတ်ချလိုက်ရင်း နှုတ်ခမ်းဆူကာ
ပြောတော့ ဂျောင်ကုနဲ့ဘိုဂမ်မှာ
အသည်းတယားယားဖြင့် ပါးစပ်မစိ။

ပြီးမှ အချင်းချင်းပြန်ကြည့်ကြရင်း
မျက်စောင်း ကိုယ်စီထိုးသွားကြသည်။

"ကလေးလေး ဟျောင်းန်ဘေးမှာ
ထိုင်မယ်ဟုတ်!"

"ထယ်! ဟျောင်းန်က ထယ့်မျက်နှာ
တစ်ကမ္ဘာတည်ပြီးလိုက်မှာနော်
ဟျောင်းန်နဲ့အတူလာထိုင်"

ဘိုဂမ်က ပြောတော့
ဂျောင်ကုကပါအားကျမခံ
မျက်နှာငယ်လေးဖြင့် ပြောလေသည်။

ထိုအခါတွင်တော့
ကိုကိုရူးလေးဖြစ်သော
ထယ်‌ထယ်လေးမှာ မျက်နှာငယ်လေး
ဖြစ်နေသော သူ့ကိုကိုကိုကြည့်ရင်း
သနားသွားရကာ ကိုကို့နားသွားရပ်၍
လက်မောင်းကိုကိုင်ကာ..

"ဒါပေါ့ ကိုကိုနဲ့ထိုင်မယ်နော်
ထယ်ထယ်လေးက ကိုကို့ကို
စောင့်ရှောက်ရမယ့်တာဝန်ရှိတယ်
ထယ်ထယ်လေးကို အားကိုးလိုက်!"

ထယ်ထယ်လေးလည်း
ကိုကို့ကို မျက်ဝန်းလက်လက်လေး
နဲ့ကြည့်လိုက်ရင်းလက်လေးကို
ပိုမိုကာဖက်တွယ်၍ ပြောလိုက်သည်။

ကိုကိုက ပုံပြင်ထဲက
မင်းသမီးလေးလိုမို့
ထယ်ထယ်လေးက
စောင့်ရှောက်ရမယ့်
တာဝန်ရှိသည်လေ..။

အိုမို..အိုမို..။
ထယ်ထယ်လေး အရမ်း
Handsome ဖြစ်လွန်းတာ
မဟုတ်ဘူးလား။

သူ့ရင်ဘတ်ကို
လက်လေးဖြင့်ပုတ်ရင်း
ပြောလာသော ထယ်ထယ်လေးကို
ကြည့်၍ ဂျောင်ကုအားကိုးရသွားကာ
အရှေ့က ဘိုဂမ်အားမျက်စောင်း
ထိုး၍မေးငေါ့ပြသည်။

My Boss Babe√Donde viven las historias. Descúbrelo ahora