part26

4.5K 229 37
                                        

Unicoad

စာမေးပွဲတွေပြီးကြလို့ ဆယ်တန်းအတွက်ကျူရှင်ကြိုယူထားကြပြီ ဖြစ်တဲ့ luluနှင့် ဉာဏ်

ဉာဏ်သည် ဟိုးအရင်ကထပ်တည်ငြိမ်လာပြီး စာလဲအရမ်းတော်သည် ဉာဏ်ဆိုသည့်နာမည်အတိုင်းဉာဏ်အရမ်းကောင်းပြီး daddyဖြစ်သူရဲ့ စရိုက်လေးတွေပေါ်လာပြီ နိုရာ့လိုလဲကြင်နာတတ်ပြန်သည်

ဆယ်တန်းကျောင်းသားကြီးသာပြောတယ် လူကြီးလူကောင်းဆန်လာပြီ ယခုအချိနိမှာတောင်ဒီလောက်ခန့်ညားသည် ကြာလျှင် ဒီ့ထပ်ပိုပြီးခန့်ညားလာလေမည်လား

LuLuလေးလဲ တစ်နေ့တစ်နေ့အဆူမခံရတဲ့နေ့ကိုမရှိသလိုပင်
စရောက်တုံးကလိမ္မာသလောက် ကြာလာတော့ သူ့ရဲ့ကိုကို့ကို ဆိုးချင်တိုင်းဆိုးချွဲချင်တိုင်းချွဲနေသည်

အဆိုးလေးကိုထိန်းရသည့်ကိုကိုကလည်း အဆိုးလေးအပြစ်လုပ်လျှင် တစ်မျိုးပြီးတစ်မျိုးမျိုးစုံ မတူသည့်နည်းတွေဖြင့်အပြစ့ပေးလေ့ရှိသည်

"ကိုကို bubble teaလေးသောက်ချင်လို့နော်"
"ခဏကမှတစ်ဘူးကုန်သွားတယ် မနေ့ကလဲ၃ဘူးလောက်သောက်ထားတာ လည်ချောင်းထဲချွဲပိတ်နေမယ် မသောက်ရဘူး "

"ဟွန့် ဝယ်ပေးလို့ သောက်မှာ😭"

"မဝယ်ပေးဘူး...စာကျရအောင်မကျက်ပဲနဲ့ "

"ကျက်နေတာလေ လို့"

ဆိုကာ စားပွဲပေါ်ကစာအုပ်လေးထောင်ပြလိုက်သေးသည်

"နောက်၁၅မိနစ်မှ မရသေးရင် မင်းဖင်စုတ်ပြီသာပြင်ထား"

ကိုကို့စကားကြောင့်ပုခုန်းလေးတွန့်သွားပြီး

"ဟုတ်ကဲ့ပါဆို"

စာကုန်းကျက်ရင်း မျက်နှာလေးကတော့ဆူဆူပုပ်ပုပ်ပင် ဉာဏ်ကတော့ သူတွက်စရာရှိတဲ့ physic တွေပဲ ဆက်တွက်နေလိုက်သည်

.
.
.
နိုရာကတော့ ကျူရှင်ပိတ်ရက်အိမ်မှာစာလုပ်နေတဲ့သားနဲ့သမတ်လေးကိုကြည့်ပြီး ပြုံးနေရတော့သည်

သားတို့အခန်းထဲကို အသီးပန်းကန်လေးလာချပေးပြီး

"သားဉာဏ်ရေ အသီးစာအုံး luကော"

House Slave Season4Where stories live. Discover now