Unicoad
လေယာဥ်ကွင်းကြီးထဲတွင် luggage နှစ်လုံး ကို ဉာဏ်ကိုယ်တိုင်ကိုင်ထားပြီး daddyတို့ကိုနှုတ်ဆက်စကားဆိုလေသည်
"Daddy ကျနော်တို့ သွားတော့မယ် papaကောdaddyကောကျန်းမာရေးဂရုစိုက်နော်"
Luluကလဲ
"Daddyက papaကိုလဲစောင့်ရှောက်လိုက်အုံးနော်"
အာဏာနှင့်နိုရာသည် ဉာဏ့်ကိုရော luluရောတစ်လှည့်စီဖတ်ပြီးနောက်
"သားတို့လဲဂရုစိုက်သွားကြပြီးတော့ဉာဏ် daddyစိတ်ချမယ်နော်"
"ဟုတ်ကဲ့ပါdaddy"
ခဏနေတော့
လေယာဥ်ချိန်လဲနီးပြီမို့ လေယာဥ်ထဲသို့ဝင်ရတော့မည်။.
.
.
ဉာဏ်နှင့်luluလေယာဥ်ပေါ်ရောက်တော့ ဉာဏ်ကပြတင်းပေါက်နားကခုံကိုရပြီး luluက ကျဉာဏ့်ရဲ့ဘေးကပ်ရပ်ခုံမှာ နေရာကျပေသည်။နေရာကိုထိုင်ပြီးနောက်မှာ luluတစ်ယောက်နှုတ်ခမ်းစူစူနှင့် ဉာဏ့်လက်ကိုကိုင်ပြီး
"ကိုကို..luကိုနေရာလဲပေး"
"ဘာဖြစ်လို့လဲ"
"Luက ပြတင်းပေါက်နားထိုင်ချင်တာ"
ဉာဏ်လဲ luluဖြစ်ချင်တဲ့အတိုင်းနေရာလဲပေးလိုက်တော့ luluမှာ ပါးစပ်နားရွက်ကိုတတ်ချိတ်တော့မလို ပြုံးရယ်သွားသည့်ကလေးကြောင့် ဉာဏ် ခေါင်းသာ ရမ်းပြီးအနည်းငယ်ပြုံးမိလိုက်သေးသည်။
ခဏနေတော့ luluကခေါင်းမူးသည်ကြောင့် ဉာဏ့်ရဲ့ ပုခုံးပေါ်လှဲရင်းအိပ်ပျော်သွားပေသည်ဉာဏ်လည်းluluကိုဖတ်ထားပြီး ခေါင်းလေးကိုဖြေးဖြေးလေးပုပ်ပေးလိုက်သည်။
ဘေးနားကထိုင်နေသူအနည်းစုက လဲ ဉာဏ်တို့ကိုသိမထားမိကြပေ ယောကျာ်းလေးနှစ်ယောက် ယခုလိုတစ်ယောက်ပုခုံးပေါ်နောက်တစ်ယောက်ကမှီလျှက် အိပ်နေသည်မှာ ဘေးကကြည့်လျှင် ကြည်နူးစရာလေးလို့ထင်ရပေမယ့် အားလုံးက ကိုယ့်လုပ်စရာရှိတာကိုယ်လုပ်နေသည် အိပ်သည့်သူကအိပ်ဇတ်ကားကြည့်သည့်သူက ကြည့် စားတဲ့သူကတော့စားနေကြသည်။
လေယာဥ်ဆင်းတော့ အိပ်နေတဲ့luluကို လှုပ်နိုးပေသည်။
"Luထတော့..ကလေးလေး..ထတော့နော် ကိုယ်တို့ရောက်ပြီ"
DU LIEST GERADE
House Slave Season4
Jugendliteraturနိုရာတို့ရဲ့ Married lifeလေးလာပြီနော် ကြိုက်ကြမယ်ထင်ပါတယ် သူတို့နှစ်ယောက်မှာကလေးလေးအပိုပါလာမယ်..မုန်တိုင်းတွေကလည်းလာပါလိမ့်မယ်..သူတို့ရဲ့အချစ်ရေးလေးဖြောင့်ဖြူးမလား နိုရာက ဘယ်လိုတွေဆိုးပြီး အရိုက်ခံရအုံးမလဲ စိတ်ဝင်စားဖွယ်ဖတ်ရှု့လို့ရပါပြီ😁 နိုရာတို႔...