Part 38

920 32 3
                                    


Unicoad

Luluတို့ တိုက်ခန်းပြောင်းပြီးတစ်လအကြာ ထို စိတ္တဇကောင်ကိုလဲရဲတွေဖမ်းနိုင်သွားခဲ့ပြီး Luluအဲ့နေ့ကဖြစ်ခဲ့တဲ့ကြောက်စိတ်ကလဲ ပေါ့ပါးသွားခဲ့ပြီ။

သို့သော် Luluတစ်ယောက်အပြစ်ပေးမခံချင်လို့ ကိုကို့အားချွဲနွဲ့ပြီး အဲ့နေ့ကဟာကြီးမေ့မရဘူးဆိုပြီး Dramaခင်းပြတာက ပိုပိုများနေ၏။

ဉာဏ် တို့အိမ်ပြန်ရောက်တော့ ဆိုဖာပေါ်ထိုင်ပြီး ဉာဏ်တစ်ယောက် နက်ခ်တိုင်ကိုဖြည်လျှက်

"ကဲ Lulu အပြစ်ပေးဖို့အချိန်တန်ပြီနဲ့တူတယ်"

ဘေးနားမှာအတူထိုင်နေသော Luluတစ်ယောက်ကိုကို့စကားကြောင့် ရေသောက်နေရင်းရေတွေပါ မှုပ်ထုတ်မိသွား၏။
တံတွေးမြိုချလိုက်ပြီးကိုကို့ကိုအားမရှိတဲ့မျက်နှာနဲ့ပြန်ကြည့်လိုက်ကာ

"ကိုကိုကလည်း Luက အခုထိ နေကကောင်းသေးတာမှမဟုတ်တာကြီးကို..ဟင် အဲ့အပြစ်ကိုကျော်ပြစ်လိုက်လို့မရဘူးလားဟင်..Lulu က အကြမ်းဖက်ခံရတာ ဘယ်လောက်သနားဖို့ကောင်းလဲ လည်ပင်းတောင်အခုထိနာတယ်လို့ခံစားရတုန်း"

ဉာဏ်သက်ပြင်းချ၍ Luluကို ဉာဏ်ပေါင်ပေါ်ထိုင်စေလိုက်ပြီး luluရဲ့မေးဖျားကိုကိုင်ကာမျက်လုံးချင်းစုံစေလိုက်၏။ Lulu ဉာဏ့်မျက်ဝန်းတွေကိုကြည့်မိတာနှင့်မျက်နှာလေးပါရဲတတ်လာ၏။ ဘယ်လောက်ပင်အတူရှိခဲ့တယ်ပဲပြောပြော ကိုကို့ကို အကြည့်ချင်းစုံမိရင် Lulu အခုထိရှက်သွေးဖျာဆဲပင်။

"အဲ့တာအစကတည်းက ကိုကို့စကားနားမထောင်တဲ့Luအပြစ်မဟုတ်လား?"

Luluခေါင်းလေးငုံ့သွားပြီး မျက်လွှာချထားကာ ကိုကို့ရင်ခွင်ကြီးထဲပစ်ဝင်သွားလိုက်သည်။

"အွန်း.. luluတောင်းပန်ပါတယ်ကိုကို"

ဝမ်းနည်းနေသောအသံလေးနှင့်ပြောလာသော luလေးကို ဖက်ထားပြီး ဆံပင်လေးကိုသပ်ပေး ပွတ်ပေးကာ တစ်ချက်နမ်းလိုက်ပြီးဉာဏ်က သူ့ကိုပဲ ပြန်ကြည့်စေလိုက်၏

"ကိုယ့်အမှားကိုနားလည်ရင် ကိုယ်အပြစ်ပေးတာကိုလက်ခံရမယ် lulu"

"ဟုတ်ကဲ့ပါကိုကို~~"

ဉာဏ်ပြုံးလိုက်ပြီးနောက်

House Slave Season4Where stories live. Discover now