part 41

459 19 5
                                        

Unicoad

၄နှစ်အကြာ >>>

Air port တွင် နိုရာနှင့် အာဏာ တို့ အတူ သားတို့အတွဲဖြစ်သော လုလုနဲ့ ဉာဏ်တို့ ပြန်ရောက်လာမှာကိုစောင့်ကြိုနေကြတာဖြစ်သည်။ နိုရာ က ကလေးတွေကိုတွေ့ရတော့မှာကြောင့်မလို့အရမ်းပျော်နေပြီး အာဏာကလဲ နိုရာလေးပျော်ရွှင်နေတာကိုမြင်ပြီးအပျော်တွေကူးကာ နိုရာလေးကို ဖက်မနမ်းရုံတမယ် ခါးလေးကို အာဏာရဲ့ တောင့်တင်းနေတဲ့လက်ဖျံနဲ့ တင်းနေအောင်ဖက်ထားလျှက် ကလေးတွေလာမှာကိုစောင့်ကြိုနေကြတယ်။

"ကိုကို.. နိုရာအရမ်းပျော်တာပဲသိလား ပြီးရင် ကလေးတွေနဲ့အတူ ညစာသွားစားကြမယ်နော်။"

"ဟုတ်ပြီ ကိုယ်လိုက်ပို့ပေးမယ်"

နိုရာလဲ လိုက်ပို့မည်ဆိုသည်ကြောင့် ပြုံးလိုက်ရင်း မရိုးနိုင်တဲ့ "ချစ်တယ်" ဆိုတဲ့စကားကိုပဲ ထုတ်ပြောလိုက်ရင်းရင်ခွင်ထဲမှာမှီနေလျှက်သားရှိနေတယ်။

"ချစ်တယ် ကိုကို"

အာဏာလဲ ခပ်ပြုံးပြုံးနဲ့ပဲ နိုရာရဲ့နှဖူးလေးကိုနမ်းပြီး ထပ်တူကျတဲ့စကားကိုပြန်ပြောလိုက်တယ်။

"ကိုယ်လဲ ချစ်တယ် နိုရာ"

အဖေနှစ်ယောက် ချစ်ကြည်နူးနေသည်ကို သားတွေက ကွင်းကွင်းကွက်ကွက်မြင်သွားပါလေရော။ လေယာဥ်ပေါ်ကဆင်းဆင်းခြင်းအဖေနှစ်ယောက် ချစ်ကြည်နူးတာကိုမြင်ရတော့

"Daddy နဲ့ပါးပါး အရမ်းတွေချစ်နေကြတာပါ့လား"

ဉာဏ်က လေသံအေးအေးလေးနဲ့ပြောလိုက်ပြီး လုလုက တော့သူ့ပါးပါးဆီပြေးသွားလေကာ

"ပါးပါး လုလု က လွမ်းနေတာ"

နိုရာလဲ ပြုံးလိုက်ရင်းလုလုလေးကိုဖက်လိုက်တယ်။

"လုလုလေးနေကောင်းတယ်မလား ကြီးသွားလိုက်တာ ကြည့်ပါအုံးသားနှစ်ယောက်လုံး ...စပြီးသွားတုန်းက နှစ်ယောက်လုံးက ဒီလောက်မရှိသေးဘူး။ သားဉာဏ်ကလဲ ကိုကို့အတိုင်းပဲ အရပ်ကြီးကိုမိုးထိုးနေတာပဲ"

"ဟုတ်တယ် ပါးပါး လုလုဆို အရပ်က နည်းနည်းပဲရှည်လာတာ"

ဉာဏ်က လုလုရဲ့ခါးကိုဖက်လိုက်ပြီး လုလုကိုကြည့်ကာ

You've reached the end of published parts.

⏰ Last updated: Nov 27 ⏰

Add this story to your Library to get notified about new parts!

House Slave Season4Where stories live. Discover now