part36

1.5K 64 18
                                    

Unicoad

"Lu lu ေကျာင်းသွားရမယ်ထစမ်း"

ေရှ့တည့်တည့်လက်ပိုက်ရပ်နေပြီး ပျင်းရိစွာအိပ်နေတဲ့luluကို ဉာဏ်စိုက်ကြည့်နေကာနိုးအောင်နှိုးနေသော်လဲမထပေ။

"အင်းး"

အင်းတစ်လုံးပြောပြီးပြန်အိပ်သွားတဲ့luluအား ဉာဏ်တစ်​ယောက် luluရဲ့တင်ပါးလေးကိုဖြန်းခနဲရိုက်ချပေးလိုက်လေးသည်။

ဖြန်း!!

"အာ့!! ကိုကိုဗျာ အိပ်ချင်လို့ကို"

မှုံကုပ်ကုပ်နဲ့ luluထလာပြီး ဉာဏ့်ကိုမျက်စောင်းထိုးကာရေချိုးခန်းထဲပြေးဝင်သွားပေသည်။

ဉာဏ်လဲခေါင်းခါရမ်းပြီး အခန်းထဲကနေ့ထွက်ကာ အောက်ဆင်းသွားသည်။

Luluလဲဆူပုပ်ပုပ်နှင့် ရေချိုးသွားတိုက်ပြီး အဝတ်လဲကာ အောက်ထပ်သို့ဆင်းလာလိုက်သည်။

"Lulu လာခဲ့ မနက်စာစားမယ်"

ထမင်းစားဝိုင်းမှာ မနက်စာလုပ်ထားပြီးစောင့်နေတဲ့ ဉာဏ်ကိုတွေ့တာကြောင့်အနားလာပြီး ခုံပေါ်ထိုင်လိုက်ကာ

"ဒါကိုကိုလုပ်ထားတာလား"

"အင်း "

Luluပြုံးလိုက်ပြီး ဉာဏ့်ပါးကိုနမ်းကာ

"Morning kiss ပေးတာ"

ဉာဏ်လဲနှုတ်ခမ်းတစ်ဖတ်တွန့်ရုံပြုံးလိုက်ပြီး lu ကိုစိုက်ကြည့်၏

"Luကြိုက်တာချက်ထားပေးတော့ တစ်မျိုးနော်ညအိပ်ယာထ ထချင်းကိုယ့်ကိုအလိုမကျသလိုကြည့်နေတာဘယ်သူလဲဟမ်?"

"ဟီးကိုကိုကလည်းဗျာအဲ့တာအိပ်ချင်မူးတူးဖြစ်နေလို့ပါဗျ"

"ကဲစားတော့နောက်ကျမယ်"

"ဟုတ်ကဲ့ပါကိုကို"

မနက်စာအတူစားကြပြီးနောက်အတန်းတတ်ဖို့နှစ်ယောက်အတူ university ကြီးဆီသို့ကားဖြင့်သွားကြပေသည်။

ရောက်တာနှင့် ကားပေါ်ကနေဆင်းပြီး နှစ်ယောက်အတူလက်တွဲကာ အထဲသို့လျှောက်လာခဲ့ကြသည်။ ကျောင်းဝန်းကြီးတစ်လျှောက် လှည့်ပတ်ကြည့်ရှု့ပြီး တတ်ရမယ့်အတန်းဆီသို့နှစ်ယောက်အတူသွားလိုက်ကြပြီး အတန်းထဲတွင်လဲအတူထိုင်ကြလေသည်။

House Slave Season4Where stories live. Discover now