Unicoad
At Lu company
"မဂ်လာပါ Mr Lu "
"ထိုင်ပါ ကိုအာဏာ"
ထိုစဥ် အလုပ်အကြောင်းဆွေးနွေးကြ၏
အားလုံးပြီးသွားတဲ့အခါ အာဏာမပြန်သေးပဲ
လုမင်ယောင်ကိုမေးခွန်းထုပ်လိုက်သည်"သိချင်တာတစ်ခုရှိတယ် Mr Lu အဲ့နေ့ကတည်းက ဘာလို့ luluကိုခေါ်သွားရတာလဲ"
"ကိုအာဏာနဲ့မဆိုင်ဘူးထင်တယ် ဒါက ကျနော့မိသားစုကိစ္စပါ ပြောစရာမရှိရင် သွားလို့ရပါပြီ"
"Lulu ကအသက်မပြည့်သေးဘူး Mr Lu
မလုပ်သင့်တာကိုမလုပ်ဖို့ သတိပေးလိုက်မယ် ကိုယ်သွားအုံးမယ်"အာဏာ ပြန်သွားတာနှင့်
လုမင်ယောင် ခုန်နောက်ကိုခေါင်းမှီလိုက်ရင်း လည်ပင်းက နက်ခ်တိုင်ကို လက်နဲ့ ဆွဲ ကာ သက်ပြင်းချလိုက်သည်
*Lu Lu မင်းတော်တော် ဆိုးတာပဲ *
.
.
.
.
အာဏာ အိမ်သို့ ပြန်ရောက်လာခဲ့သည် ဧည့်ခန်းမှာဟိုလျှောက်ဒီလျှောက်နဲ့ ဉာဏ် အာဏာပြန်လာတာနှင့်အာဏာ့အနားကိုလာကာ"Daddy အခြေအနေက "
"ဘာမှ မေးလို့မရဘူးသေချာတာက အရင်ကလို့ lulu အိမ်မှာပဲ အချုပ်ခံထားရပုံရတယ် "
"အဲ့လူဘာလို့လက်မလျှော့ရတာလဲ ကျနော်စိတ်မရှည်တော့ဘူး "
"သူကလက်လျှော့ ချင်လျှော့လိမ့်မယ် ဉာဏ် မင်းနဲ့ luluမဖြစ်နိုင်တော့ရင် မင်းဘက်ကလက်လျှော့ဖို့ပြင်ထားရမယ် ဒါပဲ Daddy ပြောချင်တယ်"
Daddy စကားကြောင့် ဉာဏ် မျက်မှောင်တို့တွန့်ချိုးလာပြီး
"ဘယ်တော့မှ လက်မလျှော့ဘူး ကျနော်ပထမဆုံးနက်နက်ရှိုင်းရှိုင်းချစ်မိတဲ့သူမလို့"
ဆိုကာ ဉာဏ် အပေါ်ထပ်သို့တတ်သွားတော့သည်
အာဏာ လည်းသူ့အခန်းကိုသွားကာ ရေမိုးချိုးပြီး အောက်ဆင်းလာခဲ့သည်
သားတော်မောင်တစ်ယောက် စိတ်ဆိုးနေ သောကြောင့် အောက်ထပ်ကိုဆင်းမလာတော့ပေ
မီးဖိုချောင်ထဲက နိုရာ့ဆီ့သွားလိုက်သည်
"နိုရာ "

YOU ARE READING
House Slave Season4
Teen Fictionနိုရာတို့ရဲ့ Married lifeလေးလာပြီနော် ကြိုက်ကြမယ်ထင်ပါတယ် သူတို့နှစ်ယောက်မှာကလေးလေးအပိုပါလာမယ်..မုန်တိုင်းတွေကလည်းလာပါလိမ့်မယ်..သူတို့ရဲ့အချစ်ရေးလေးဖြောင့်ဖြူးမလား နိုရာက ဘယ်လိုတွေဆိုးပြီး အရိုက်ခံရအုံးမလဲ စိတ်ဝင်စားဖွယ်ဖတ်ရှု့လို့ရပါပြီ😁 နိုရာတို႔...