Unicoad
"ကိုကို..မနက်ဖြန်Usမသွားခင် Daddyနဲ့တွေ့ချင်တယ်.."
"အင်း ညနေကျရင်လိုက်ပို့ပေးမယ်"
လုလုနဲ့ ဉာဏ်တို့ USကိုသွားရောက် ပည်သင်ကြားရတော့မည် နိုရာလေးကသားလေးကိုမခွဲနိုင်ပေမယ့် ရှေ့ရေးအတွက်ကြောင့်လွှတ်ရပေမည်
အာဏာကတော့ ဉာဏ့်အတွက်ဂုဏ်ယူနေရသည် လုလုနှင့်တွေ့မှပြောင်းလဲလားပြီးကိုယ့်ပုံစံအတိုင်းပေါက်လာသောဉာဏ်ကြောင့် အာဏာစိတ်အေးရသည်
မဟုတ်လျှင် နိုရာနှင့်တူညီပြီးယခုအထိ ကလေးဆန်နေမည်ကိုသူမလိုလားပေ..
ဉာဏ်နှင့်လုလုတို့ အတူ လုမင်ယောင်အပိုင်ဖြစ်သည့် companyသို့လာခဲ့ ကြသည်အဆောက်အအုံရဲ့ ၁၀ထပ်မြှောက်ထိ ဓာတ်လှေကားသုံးပြီးတတ်ရောက်ခဲ့ ပြီးရုံးခန်းအတွင်းသို့ဝင်ရန် ရုံးခန်းရှေ့က အစောင့်မိန်းခလေးအား လုမင်ယောင်နဲ့တွေချင်ကြောင်းစကားပြောလိုက်တော့ ထိုကောင်မလေးကလုမင်ယောင်အားသတင်းလှမ်းပေးရန်ဖုန်းဆက်လိုက်ပြီးဖုန်းကိုပြန်ချလိုက်ကာ
"ဝင်သွားလို့ရပါတယ်"
ထို့နောက်လုလုနဲ့ဉာဏ်သည် မိန်းခလေးကို ခေါင်းညိမ့်ပြ ပြီးနောက်ရုံးခန်းအတွင်းသို့ဝင်လာခဲ့သည်ရုံးခန်းထဲရောက်တော့ လုမင်ယောင်ရဲ့ပေါင်ပေါ်ရှိနေတဲ့ samနှင့်လုမင်ယောင်ကိုတွေ့ရသည်
Samကလဲ လုလုတို့ရှိသည်ကိုမ မှု့ပဲ လုမင်ယောင်အပေါ်မှာပဲထိုင်နေပေသည်
"Daddyနဲ့ ခဏလောက်စကားပြောချင်လို့ အကိုSam ခွင့်ပြုပေးနော်."
ထိုကျမှ Samကပေါင်ပေါ်ကနေ့ထပြီး လုမင်ယောင်ရဲ့ပါးကိုနမ်းကာ ရုံးခန်းအတွင်းရှိ မိမိခုံဆီ့ပြန်သွားပေသည် ဉာဏ်လည်းတစ်ချက်ရှောင်ေနေပေးလိုက်သည်
"Daddy. .လုလုကိုငယ်ငယ်ကတည်းကပြုစုစောင့်ရှောက်ပေးလို့ကျေးဇူးတင်ပါတယ်..အကိုSamနဲ့ အခုလိုမျိုးကြည်နူးနေကြတော့လဲ ဂုဏ်ပြုပါတယ်..လု မနက်ဖြန် USကိုသွားရတော့မှာမလို့ Daddyကိုလာနှုတ်ဆက်တာပါ"
ထို့နောက် Samဘက်ကိုလဲ လှည့်လိုက်ပြီး
"အကိုSam Daddyရဲ့ ချစ်သူ့ဖြစ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် လုလုအကိုsamကိုလဲနှုတ်ဆက်ပါတယ်ဗျ"
YOU ARE READING
House Slave Season4
Teen Fictionနိုရာတို့ရဲ့ Married lifeလေးလာပြီနော် ကြိုက်ကြမယ်ထင်ပါတယ် သူတို့နှစ်ယောက်မှာကလေးလေးအပိုပါလာမယ်..မုန်တိုင်းတွေကလည်းလာပါလိမ့်မယ်..သူတို့ရဲ့အချစ်ရေးလေးဖြောင့်ဖြူးမလား နိုရာက ဘယ်လိုတွေဆိုးပြီး အရိုက်ခံရအုံးမလဲ စိတ်ဝင်စားဖွယ်ဖတ်ရှု့လို့ရပါပြီ😁 နိုရာတို႔...