Chapter 15

3.9K 668 13
                                    

Unicode

ကျောင်းပိတ်ရက်က မကြာခင်မှာပင် ကုန်ဆုံးသွားသည်။

ထိုအတောတွင်းမှာ ချန်ချန်းချင်းဟာ သူ့အချိန်အများစုကို ခြေထောက်သက်သာဖို့နှင့်စာဖတ်ခြင်းမှာပင် ကုန်ဆုံးထားသည်။ ကျောင်းနောက်တစ်ကြိမ်ပြန်ဖွင့်ချိန်မှာတော့ သူဟာ​ချိုင်းထောက်မပါဘဲနှင့်တောင် လျှောက်နိုင်နေပြီဖြစ်သည်။

စက်တင်ဘာ၃ရက်နေ့မှာ ချန်ချန်းချင်းကျောင်းစတက်သည်။လုကျန့်ဖေးမွေးနေ့ပြီးသွားတာ ၁၀ရက်ကျော်ပြီဖြစ်သည်။ထိုဆယ်ရက်အတွင်း လုကျန့်ဖေးက သူ့အားစကားမပြောပေ။ ကြည့်ရတာ အတော်နာကျင်သွားပုံပေါ်၏။ သူ့အားကျောင်းလိုက်ပို့ခြင်းအမှုကိစ္စမှာတောင် တခြားတစ်ယောက်ကို လုပ်ခိုင်းလေသည်။

ချန်ချန်းချင်းကတော့ လုကျန့်ဖေးမျက်နှာပေါ်ကမှုန်တေတေအကြည့်တို့ကို မမြင်သယောင်သာဟန်ဆောင်ထားသည်။မည်သို့ပင်ဆိုစေ လုကျန့်ဖေးက သူ့အပေါ်ဘာမျှမလုပ်နိုင်ပေ။ နှစ်ယောက်လုံးက ဤသို့ရှေ့မတိုးသာနောက်မဆုတ်သာအခြေအနေဖြစ်နေလျှင်လည်း သူ့အတွက်က ကိစ္စမရှိပါချေ။

ကျူ့မောက်က ချန်ချန်းချင်းတစ်ယောက် ယခင်စာသင်နှစ်များကလိုပင် အိမ်မှာနေလိမ့််ဟု ထင်နေသည်။ချန်ချန်းချင်း အဆောင်ပြန်ရွှေ့လာမည်ဟု ဘယ်တုန်းကမျှမထင်မိခဲ့။ သူဟာ ဤစာသင်နှစ်တစ်နှစ်လုံး ကျောင်းဆောင်မှာ တစ်ယောက်တည်းသာနေဖို့စီစဥ်နေတာ သိသာလှသည်။

ချန်ချန်းချင့်အတွက် သူ့ပစ္စည်းတွေရွှေ့ဖို့ဆိုတာ မသက်သာလှပေ။ ထို့ကြောင့်ပင် လုကျန့်ဖေးလိုက်ပို့ခိုင်းသောလူတွေကပင် မပြန်ခင် သူ့ပစ္စည်းတွေကို အဆောင်ခန်းထဲထိကူရွှေ့ပေးသွားကြသည်။

ကျူ့မောက်က ချန်ချန်းချင်းကိုမြင်သည့်အချိန်မှာ သူ့အိပ်ရာခင်းသူ လဲနေတာဖြစ်သည်။ သူကအနည်းငယ်အံ့အားသင့်သွား၏။

"ချန်းချင်း မင်းက ဒီစာသင်နှစ်ကို အိမ်မှာမနေတော့ဘူးလား"

ချန်ချန်းချင်းက  အင်း ဟု အသံပြုလိုက်သည်။သူအရင်က အဆောင်မနေဖူးပေမဲ့ အဆောင်သားဘဝက အရမ်းကာရော အဆင်မပြေဘူးဆိုတာတော့ သိသည်။သို့သော်လည်း လုကျန့်ဖေးနှင့် နေ့တိုင်းနေရမည်နှင့်စာလျှင် အပိုထပ်ဆောင်းဒုက္ခတွေကို သည်းခံဖို့သာ ပိုအလိုရှိသည်။

ဒီအချစ်ကြောင့်ရူး(Completed)Where stories live. Discover now