Chapter 58

2.3K 401 6
                                    

Unicode



ချန်ချန်းချင်းရှေ့မှာ မှန်တစ်ချပ်ရှိသည်။

မှန်ထဲကလူဟာ သူ့အား အပြုံးနှင့်အတူကြည့်နေကာ လက်ဝေ့ယမ်းပြရင်း ပါးစပ်ဟလာသည်။ ထိုလူ့မှာ ချောမောသည့်မျက်နှာလေးရှိကာ အဖြူရောင်ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး အနည်းငယ်ရှည်လျားနေသည့် ဆံနွယ်တို့က ပခုံးပေါ်မှာ ရှုပ်ထွေးလျက်ရှိလေသည်။

ဝေးရာက နီးလာသော အသံတစ်သံ။ ထိုအသံဟာ နူးညံ့၊ သိမ်မွေ့ကာ၊ ညင်သာလှသည်မှာ နတ်သမီးပုံပြင်တွေထဲက နတ်သားလေးတစ်ပါးအလား။အရာအားလုံးသည် အလွန်လှပလွန်းနေသည်မို့ ချန်ချန်းချင်းမှာ မနေနိုင်တော့ဘဲ အေးစက်သော မှန်သားပြင်ကို လက်ချောင်းတို့ဖြင့် ထိကြည့်မိလိုက်တော့သည်။

သူ့လက်ချောင်းထိပ်တို့ဖြင့် မှန်သားပြင်ကို ထိလိုက်သည့်ခဏမှာပင် တောက်ပကာ ကြည်လင်နေသော မှန်သားပြင်မှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားကာ ထိုအက်ကွဲကြောင်းထဲကနေ ညှီလှသော အနီရောင်သွေးပျစ်ပျစ်တို့ စီးကျလာတော့သည်။

မှန်ထဲမှာ ထိုသူက ချန်ချန်းချင်းအား တောက်ပသော အပြုံးတစ်ပွင့်ကို လှစ်ဟပြနေခဲ့သည်။ သူ့အရေပြားဟာ တစ်လက်မချင်းစီ ကွဲအက်နေသော်ငြား မျက်ဝန်းတို့ကတော့ ကြယ်ပွင့်အလား တောက်ပနေလျက်။ ထိုသူက ချန်ချန်းချင်းထံ ပြောလာသည်။

"ငါ့ရဲ့သေခြင်းတရားက မင်းအပေါ်မှာ အကောင်းဆုံးလက်စားချေမှုပဲ"

ချန်ချန်းချင်း အိမ်မက်ဆိုးကနေ လန့်နိုးလာတော့သည်။

အချိန်ကား မနက်သုံးနာရီ အတိအကျပင်။ လုကျန့်ဖေးကတော့ သူ့နံဘေးနားမှာ အိပ်နေကာ မျက်လုံးတွေပိတ်၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လျက်သား။

ချန်ချန်းချင်းသည် လက်ဆန့်၍ နဖူးပေါ်က ချွေးအေးတို့ကို သုတ်ပစ်ရင်း မလှမ်းမကမ်းက နာရီကိုကြည့်ကာ ခပ်ဖွဖွ သက်ပြင်းချလိုက်သည်။

တချို့အရာတွေဟာ ဖော်ပြလို့မရပေမဲ့ စိုးရိမ်သောကတွေကိုတော့ ပေါက်ဖွားစေနိုင်၏။

ကျောင်းပြန်လာပြီးကတည်းက ချန်ချန်းချင်း ကောင်းကောင်း အိပ်မရခဲ့ပေ။ဒီနေ့လည်း အတူတူပင်ဖြစ်သည်။ သူက မျက်လုံးကို လက်မောင်းဖြင့်ကာထားလိုက်ရင်း စိတ်ရှုပ်ထွေးသည့်အမူအရာက သူ့မျက်နှာထက်မှာ ပေါ်လာလေသည်။

ဒီအချစ်ကြောင့်ရူး(Completed)Where stories live. Discover now