Chapter 23

3.3K 520 9
                                    

Unicode

အမျိုးသားနေ့ပိတ်ရက်၏ သုံးရက်မြောက်နေ့တွင် ချန်ချန်းချင်း၏ အဖေမှာ အိမ်သို့ ပြန်ရောက်လာပြီဖြစ်လေသည်။

ချန်ချန်းချင်း၏ အဖေမှာ ချန်ချင်းယန်ဟု ခေါ်ပြီး စက်ပစ္စည်းများကို ပြုပြင်ထိန်းသိမ်းရသော စက်ပြင်သမား တစ်ယောက်ဖြစ်၏။ သူက မကြာခဏ နိုင်ငံရပ်ခြားသို့သွားရလေ့ရှိပြီး တစ်ကြိမ်လျှင် နှစ်လ၊ သုံးလခန့်မျှ ကြာတတ်လေသည်။ သို့ဖြစ်ရာ ချန်ချန်းချင်းသည် သူ၏ ကလေးဘဝ အချိန်အများစုကို သူ့အမေနှင့်သာ အိမ်၌ ကုန်ဆုံးလေ့ရှိခဲ့၏။

ချန်ချင်းယန်မှာ သူ၏ သားအား အချိန်ပေးရန် အခွင့်အရေးများစွာ မရနိုင်ခဲ့ခြင်းကြောင့် သူက ထိုအစား ချန်ချန်းချင်းအား အတော်လေး အလိုလိုက်လေသည်။ အဖေ နှင့် သားမှာ ဆက်ဆံရေးကောင်းပြီး သဘောထားမတိုက်ဆိုင်မှုများလည်း မရှိသလောက်ပင်။

ချန်ချင်းယန်ပြန်လာသည့်နေ့မှာပင် ချန်ချန်းချင်း၏ ဝမ်းကွဲနှင့် သူမ၏ မိသားစုကလည်း အလည်ရောက်လာကြ၏။

လျို့ဟွားမေက မနက် အစောကြီးထပြီးနောက် သူမက ချန်ချန်းချင်းအားလည်း အတင်းထခိုင်းကာ သူမနှင့်အတူ ဈေးဝယ်ထွက်ရန် တောင်းဆိုလာလေသည်။

ဤသို့ဖြင့် ချန်ချန်းချင်းခမျာ မပျော်မရွှင်နှင့် အဝတ်ဝတ်ကာ မနက်စာ စားခဲ့ရသည်။ ထို့နောက် တက်ကြွနေပါသော လျို့ဟွားမေ နှင့် လုကျန့်ဖေး တို့နောက်မှ အသာ‌လိုက်ရင်းဖြင့် သူ့ပုံစံမှာ မိုး၏ ရိုက်ခတ်မှုဒဏ်ကြောင့် နွမ်းကျနေပါသည့် ပန်းပင်လေးကဲ့သို့ပင်။

လုကျန့်ဖေးမှာ ဈေးသို့ တစ်ခါမျှ မရောက်ဖူးပေ။ သူ့အိမ်အတွက် ဈေးဝယ်ခြင်း အမှုကိစ္စအား သူ၏ အစေခံများက ကိုင်တွယ်ခြင်းဖြစ်လေရာ သူကိုယ်တိုင် လုပ်ခဲ့ဖူးခြင်း မရှိသလောက် နည်းပါးပေသည်။ ထို့ကြောင့် လျို့ဟွားမေနောက်လိုက်၍ ဈေးသို့သွားရခြင်းမှာ သူ့အတွက် အတွေ့အကြုံအသစ်အဆန်း ဖြစ်ပါ၏။

လျို့ဟွားမေက လတ်ဆတ်သော ငါးများ၊ ဝက်နံရိုး ၊ အမဲသားတစ်ချို့နှင့် အသီးအရွယ် နှင့် ဟင်းခတ်အမွှေးအကြိုင် အနည်းငယ်တို့အားလည်း ရွေးချယ်ခဲ့လေသည်။ ထို့နောက် အိမ်သို့ ပျော်ရွှင်စွာ ပြန်လာကြ‌တော့၏။

ဒီအချစ်ကြောင့်ရူး(Completed)Where stories live. Discover now