Chapter 72

3.1K 534 40
                                    

Unicode


ချန်ချန်းချင်းက သူ့အသက်ကိုအသုံးချပြီး ဘာမှလုပ်မထားလို့ မသေနိုင်ဘူးဟူသော စကားကို သက်သေပြခဲ့မိသည်။သူထင်မထားမိတာကတော့ သူကိုယ်တိုင်နှင့် သူဟာ စစ်အေးတိုက်ပွဲ နွှဲရလိမ့်မည်ဟုပင်။

သူ့ယခင်ဘဝက လုကျန့်ဖေးဟာ မူလတကယ့်ချန်ချန်းချင်းနှင့် ဘယ်သောအခါမှ စစ်အေးတိုက်ပွဲမဖြစ်ဖူးချေ။ မူလချန်ချန်းချင်းက ဘာတွေပင်လုပ်ပါစေ သူကအကုန်လုံးကို သည်းခံပေးခဲ့တာချည်းပင်။

ဒါပေမဲ့ ခုကျတော့ရော?

စကားတစ်ခွန်းမှမပြောဘဲ အစားအသောက်တွေကိုသာ ဝါးစားနေသော လုကျန့်ဖေးကိုကြည့်ရင်း ချန်ချန်းချင်း၏မျက်ဝန်းတွေက မနေနိုင်စွာပင် အနည်းငယ် ဒေါသထွက်လာတော့သည်။

ကျန့်ဖေး...မင်းပြောင်းလဲသွားပြီပဲ...

လုကျန့်ဖေးက ချန်ချန်းချင်း၏ အကြည့်တွေကို သတိမထားမိတာတော့ မဟုတ်ပေမဲ့ သူဟာ ချန်ချန်းချင်း၏ အကြည့်တွေကြောင့် လှုပ်ခတ်သွားခြင်းမရှိဘဲ ယခင်အတိုင်း မလှုပ်မယှက်ရှိနေဆဲ။

ချန်ချန်းချင်း သက်ပြင်းအရှည်ကြီးချကာ ပန်းကန်ထဲက တရုတ်နံနံကြီးကို ဖယ်ထုတ်လိုက်သည်။ လွန်ခဲ့သည့်နှစ်ရက်လုံး အန်တီကျောက်၏ ဟင်းလျာတွေထဲမှာ သူမကြိုက်သည့်အရာတွေသာ ပြည့်နေ၏။ လုကျန့်ဖေး ထိုအရာတွေကို ဘယ်လိုတောင်မြိုချနိုင်သလဲဆိုတာ သူမပြောတတ်ပါတော့ချေ။

လုကျန့်ဖေးက ထမင်းစားပြီးသည်နှင့် ချန်ချန်းချင်းကို စကားတစ်ခွန်းမှ မပြောဘဲ စာကြည့်ခန်းဆီသို့သာ တန်းသွားတော့သည်။

ချန်ချန်းချင်းမှာ ကူကယ်ရာမဲ့စွာပင် ဖုန်းကိုထုတ်၍ ဝမ်ဝူးလင်ထံ မက်ဆေ့လှမ်းပို့လိုက်လေသည်။ မက်ဆေ့ထဲကလေသံကလည်း အလွန်အမင်း ဝမ်းနည်းသံပေါက်နေ၏။

{လုကျန့်ဖေးက ငါ့ကိုစိတ်ဆိုးနေတယ်။အဖက်တောင်မလုပ်ဘူး}

ဝမ်ဝူးလင်မှာ မက်ဆေ့ကိုဖတ်ရင်း ချန်ချန်းချင်း၏ အမူအရာကိုပါ မြင်ယောင်မိသွားကာ ရှင်းမပြနိုင်အောင် တုန်ယင်သွားလေသည်။ ထို့နောက်မှ သူက တုံ့ဆိုင်းမနေဘဲ ဖုန်းခေါ်လိုက်ရင်း ဘာဖြစ်လို့လဲဟု ချန်ချန်းချင်းအား မေးလိုက်တော့သည်။

ဒီအချစ်ကြောင့်ရူး(Completed)Where stories live. Discover now