Chapter 47

2.2K 418 9
                                    

Unicode

အမှန်ပဲ။ ချန်ချန်းချင်းက *ဒေါသထွက်သည့်အကြည့်လေးတစ်ချက်ဖြင့်ကြည့်လျှင်တောင် လက်စားချေတတ်သည့်လူစားမျိုးပင်။

(*အီဒီယမ်ပါ ။ သဘောထားကျဉ်းမြောင်းတယ်လို့ ပြောချင်တာ)

အရင်တစ်ခါ ယွမ်ဝမ်းဟုန် ဆောင်ကြဉ်းလာသည့်ကိစ္စရပ်များကို ချန်ချန်းချင်း အမြဲမှတ်မိနေသည်။ ယခုချိန်မှာ ယွမ်ဝမ်းဟုန်ကို တစ်ခါတည်းအပြစ်ပေးလို့ရသည့်အခွင့်အရေးကို ရချိန်မှာ သူဟာ သဘာဝကျကျပင် ချီတုံချတုံဖြစ်နေလိမ့်မည်မဟုတ်။

ယွမ်ဝမ်းဟုန်က ဆိုလာ၏။

"ချန်ချန်းချင်း မင်း အတည်ပေါက်ပြောနေတာလား"

ချန်ချန်းချင်းက စကားမပြော။ ခဏလောက်ကြာသည့်အထိ သဘောတကျ ရယ်မောလို့နေသည်။ယွမ်ဝမ်းဟုန်ခမျာ ချန်ချန်းချင်း၏ ရယ်သံကိုကြားမှ သူ့ကို စိတ်ဒုက္ခရောက်အောင် လုပ်မှန်းသိသွားလေသည်။ သို့ပေမဲ့ သူစိတ်မဆိုးနိုင်။ စိတ်သက်သာရာသာ ရသွားရ၏။

"လုကျန့်ဖေးကို ဖုန်းပေးလိုက်။ ငါသူ့ကို စီးပွားရေးကိစ္စပြောစရာရှိတယ်"

ချန်ချန်းချင်းသည် လက်ထဲမှာ ဖုန်းကိုင်ထားရင်း ခုထိအိပ်ပျော်နေဆဲ လုကျန့်ဖေးကို လှည့်ကြည့်ကာ​ပြန်ဖြေလိုက်လေသည်။

"သူ အဖျားရှိနေတယ်။ ခုလေးတင် အိပ်ပျော်သွားတာ"

ယွမ်ဝမ်းဟုန် : "......."

သူ ချန်ချန်းချင်းဆိုလိုတာတွေကို နားလည်မှုမလွဲချင်ပေမဲ့ ချန်ချန်းချင်းရဲ့ စကားလုံးတွေကတော့ သူ့ကို နားလည်မှုလွဲအောင် လုပ်နေသလိုပဲနော်!

ဖျားနေလို့ အိပ်ပျော်နေတယ်ဆိုတာ ဘာအဓိပ္ပါယ်တုန်း!!!။ အဲ့ကလေးက မနေ့ကထိ သေချာပေါက် အကောင်းကြီးလေ!....

ချန်ချန်းချင်းက ယွမ်ဝမ်းဟုန်တွေးနေတာကို သိနေပုံဖြင့် ဆိုလာ၏။

"သူမနေ့က ဒီကိုလာတော့ အအေးမိသွားတာ"

ယွမ်ဝမ်းဟုန်က အဖြစ်အပျက်ကို နားလည်သွားပုံဖြင့် သက်ပြင်းချရင်း

ဒီအချစ်ကြောင့်ရူး(Completed)Where stories live. Discover now