Chapter 63

2.6K 425 6
                                    

Unicode



ဤကမ္ဘာကြီးကိုရောက်လာကတည်းက ချန်ချန်းချင်းရှောင်ကြဥ်သော အရာတစ်ခုရှိသည်။--ဤကမ္ဘာကြီးပေါ်မှာ များပြားလှသော ခံစားချက်တွေကို မြုပ်နှံခြင်းပင်။

အကြောင်းမူ သူဟာ လုကျန့်ဖေး မဟုတ်တော့ဘဲ ချန်ချန်းချင်းဖြစ်သွားသောကြောင့်ပင်။ သို့ငြား သူဟာ တကယ့်ချန်ချန်းချင်းလည်း ဟုတ်မနေခဲ့။

ချန်ချန်းချင်းအစစ်မှာ သူ့ကိုချစ်သောမိဘများရှိသည်။ သို့သော်လည်း ချန်ချန်းချင်းအတုအတွက်တော့ လျို့ဟွားမေနှင့် ချန်ချင်းယန်တို့၏ ချစ်ခြင်းမေတ္တာဟာ ထင်ယောင်ထင်မှားတစ်ခုသာမျှပင်။ အကြောင်းမူ သူဟာ တကယ့်ချန်ချန်းချင်း မဟုတ်သောကြောင့်။

လုကျန့်ဖေးမှာလည်း သူ့ကိုချစ်သောမိဘများရှိကြသည်ပင်။ သို့ပေမဲ့ ဤကမ္ဘာကြီးမှာ လုကျန့်ဖေးတစ်ယောက်က ရှိနှင့်ပြီးသားဖြစ်နေလေသည်။

ဤအခိုက်အတန့်မှာ ချန်ချန်းချင်းသည် သူက မထင်မှတ်ဘဲရောက်လာသည့် အပြင်ဧည့်သည်တစ်ယောက်နှင့် ပိုတူလာသလို ခံစားလိုက်ရသည်။သူဟာ လျို့ဟွားမေနှင့် ချန်ချင်းယန်တို့၏ ကြင်နာမှုနှင့်မတန်သလို လုကျုံ့ချန်နှင့် ဟွမ်ယွိဖင်တို့ဟာလည်း ဤနေရာမှာ သူ့မိဘများ ဟုတ်မနေတော့။

သို့သော်လည်း ဟွမ်ယွိဖင်နှင့် လုကျုံ့ချန်၏ သေဆုံးမှုသတင်းအကြောင်းကြားလိုက်ရချိန်မှာ ဖော်မပြနိုင်သည့် ဝမ်းနည်းမှုကိုထူးထူးခြားခြားခံစားလိုက်ရသည်။

အတိတ်ဘဝတုန်းက သူတို့ဟာ သားဖြစ်သူ လုကျန့်ဖေးအပေါ် လုံးဝစိတ်ကုန်သွားကာ ညီမဖြစ်သူ လုယီချင်းအပေါ်တွင်သာ စွမ်းအားမှန်သမျှစုပုံခဲ့သည်။

လုယီချင်းက လက်ထပ်ပြီးနောက် သားတစ်ယောက်၊ သမီးတစ်ယောက်မွေးဖွားခဲ့၏။သူ့တူလေး ၁လပြည့်မွေးနေ့မှာတုန်းက လုကျုံ့ချန်နှင့် ဟွမ်ယွိဖင်တို့၏ မျက်နှာဟာ ဖုံးမရဖိမရအောင် ပျော်နေခဲ့ကြတာကို သူမှတ်မိနေသေးသည်။

သို့ပေမဲ့ ဤကမ္ဘာကြီးမှာတော့ သူတို့ဟာ ထိုကာလထိမစောင့်နိုင်ခဲ့ကြတော့ချေ။ စင်စစ်တော့ သူတို့သား ကျူးလွန်ခဲ့သောအပြစ်တွေအတွက် တစ်စုံတစ်ယောက်ဟာ ပြန်လည်ပေးဆပ်ရတာပင်။ ချန်ချန်းချင်း စကားနှစ်လုံးကိုသာ တွေးမိတော့သည်--ဒဏ်ခတ်ခြင်း(报应)

ဒီအချစ်ကြောင့်ရူး(Completed)Where stories live. Discover now