Chapter 36

2.3K 420 2
                                    

Unicode

အကယ်၍ ချန်ချန်းချင်းသာ တကယ်ပဲ အသက်၂၀အရွယ်ကျောင်းသားလေးဆိုပါက ယွမ်ဝမ်းဟုန်က သူကောင်းဖို့လုပ်ပေးနေတာဟု သေချာပေါက်ထင်မိလိမ့်မည်။

သို့ပေမဲ့ စိတ်မကောင်းစရာက ချန်ချန်းချင်းဟာ ယွမ်ဝမ်းဟုန်အကြောင်းကို လုကျန့်ဖေးထက်ပင် ကောင်းကောင်းသိထားပေသည်။သူက ယွမ်ဝမ်းဟုန်၏ ရှင်းပြချက်တို့ကိုနားထောင်ပြီး ပြုံးလိုက်သည်။

"Aနိုင်ငံ ကိုသွားရမဲ့အစား တခြားနိုင်ငံကိုရော သွားလို့ရလား"

ယွမ်ဝမ်းဟုန်က ဆို၏။

"သေချာပေါက်ရတာပေါ့။ဒါပေမဲ့ မင်း တခြားနိုင်ငံတွေကိုသွားမယ်ဆိုရင် လုကျန့်ဖေးက မင်းကို ပြန်ဖမ်းမိနိုင် မမိနိုင်ဆိုတာ ကိုယ်အာမ မခံနိုင်ဘူး"

ယွမ်ဝမ်းဟုန်အတွက်တော့ Aနိုင်ငံက အကောင်းဆုံးရွေးချယ်မှုပင်။ အကြောင်းမူ အဖြစ်အပျက်တို့ပြီးသည့်နောက်ပိုင်းမှာ Aနိုင်ငံဟာ တရုတ်လူမျိုးတို့၏ ပြည်ဝင်ခွင့်ကို ပိတ်ပင်တားမြစ်တော့မှာပင်ဖြစ်၏။ထို့အပြင် နိုင်ငံရေးပိုင်းရှိ လုကျန့်ဖေး၏ အထူးသီးသန့်ဂုဏ်ဒြပ်အရ Aနိုင်ငံကိုရောက်ဖို့ဆိုသည်မှာ ပိုလို့တောင်မဖြစ်နိုင်သေးသည်။

တစ်ယောက်ယောက်ကို ကယ်တင်ဖို့ ခက်ခဲပေမဲ့ သတ်ပစ်ဖို့ကတော့ လွယ်သည်။ထို့ပြင်ယွမ်ဝမ်းဟုန်အနေဖြင့် ပိုက်ဆံနည်းနည်းပါးပါးပေးရုံသာလိုအပ်ကာ ယင်းက ချန်ချန်းချင်းကို နိုင်ငံရပ်ခြားမှာ တိတ်တဆိတ်သေဆုံးသွားအောင်လုပ်ဖို့ လုံလောက်လေသည်။

ယွမ်ဝမ်းဟုန်တွေးနေတာကို ချန်ချန်းချင်းသည်လည်း သေချာပေါက်တွေးမိသည်။ သူက ပြုံးရယ်ကာ ကြင်နာဟန်ပြနေသော ဝမ်းပွဲအစ်ကိုကိုကြည့်လိုက်ပေမဲ့ သက်ပြင်းသာချချင်စိတ်ပေါက်လာသည်။

အကယ်၍ သူသာ တကယ့်ချန်ချန်းချင်းဆိုလျှင် ယွမ်ဝမ်းဟုန်၏ အဆိုပြုချက်ကို သေချာပေါက်သဘောတူပစ်လိမ့်မည်ပင်။ သို့သော်လည်း ယခင်ဘဝကလုကျန့်ဖေးက Come out လုပ်မည့်အကြောင်းကို ယွမ်ဝမ်းဟုန်အား ကြိုမပြောခဲ့သဖြင့် ယွမ်ဝမ်းဟုန်ဟာ ချန်ချန်းချင်းနှင့် ထိုအကြောင်းပြောဖို့ကို အခွင့်အရေးမရှိခဲ့ပါပေ။

ဒီအချစ်ကြောင့်ရူး(Completed)Where stories live. Discover now