စွန့်လွှတ်ခြင်းရဲ့ နောက်ကွယ်
(အပိုင်း 1) gl fic
ဇုန်ရေ....... ဇုန် နင်10တန်းအောင်တယ် ဆိုပြီးအော်ပြောလာတာ ကျောင်းနေဘက်သူငယ်ချင်း သုတနောင် ဇုန်ကတော့ အိပ်ယာထဲကမထရသေး
သူပြောမှအံ့အားသင့်ပြီးအိပ်ယာထဲက အမြန်ထွက်ပြီးနောင်......နင်လာမစနဲ့ဟာဆိုတော့နင်မယုံလဲကိုယ့်ဟာကိုသွားကြည့် ကမတဲ့ငါလဲအောင်တယ်တဲ့ဆိုပြီပြန်သွားလေရဲ့
ဇုန်..လဲငိုင်ပြီး နောင်....ပြန်သွားတာတောင်အိမ်ပေါက်ဝရပ်ပြီးအတွေးနယ်ချဲ့နေမိတယ်.......
2010/2011ခုနှစ်မှာ10တန်းဆိုတာကြီးအောင်မြင်ခဲ့တယ်
ဇုန်ကငယ်ငယ်ထဲကEnglishကလွဲရင် ကျန်တဲ့ဘာသာတွေ တော်တဲ့ထဲနည်းနည်းပါခဲ့ပေမဲ့10တန်းကို နှစ်ချင်းပေါက် အောင်မယ်လို့တော့ ဇုန်မျှော်လင့်မထားရဲဖူးမောင်နှမ၆ယောက်ရှိတဲ့ထဲဇုန်ကဒုတိယမြောက်သမီးအဖေကစီးပွားရှာတော်ပေမဲ့မိသားစုကိုအချိန်အများကြီးမပေးခဲ့ဖူးပိုက်ဆံတွေပဲပေးပြီးအရမ်းမချမ်းသာပေမဲ့လူတန်းစေ့နေနိူင်ဖို့အလုပ်ကြိုးစားရမယ်ဆိုပြီးအလုပ်အရမ်းလုပ်ခဲ့သူပေါ့.......
အမေ အမေကတော့ အဖေ ပေးသမျှဖြုန်းတီးနိူင်ခဲ့သူလေ ဖဲရိုက်ချဲထိုးယောကျ်ားတွေနဲ့ပလူးပလဲနေတာအဖေပေးသမျှငွေမှန်သမျှ သူလုပ်ရပ်တွေအတွက်သာကုန်အောင်သုံးခဲ့သလို ဇုန်..တို့မောင်နှမတွေကိုလုံးဝ ဂရုမစိုက်တဲ့အပြင်
ဇုန်...ကျူရှင်တတ်ဖို့ အဖေပေးတဲ့ပိုက်ဆံတွေပါသုံးခဲ့တဲ့သူပေါ့ ဒါတွေကြောင့်ပဲဇုန် 10တန်းမှာကျူရှင်ဆိုတာလဲ မတတ်ခဲ့သလိုကျောင်းကိုလဲစိတ်ကြည်မှသွားတတ်
သူတစ်ယောက်လေ ဒါမဲ့ မနက်၅နာရီစာထကျက်တတ်ပြီး ညဆို၁၂ထိကျက်ခဲ့တာဆိုတော့လဲ အောင်ခဲ့တာနေမှာဇုန်....ကမန်းကတန်းမျက်နှာလေးသစ်ပြီး
စက်ဘီးလေးအမြန်နင်းပြီး
ကျောင်းဘက်သို့ထွက်လာခဲ့လိုက်တယ် ......10နာရီကျော်လောက်ကထွက်လာတော့
ကျောင်းရောက်တဲ့ချိန်11ကျော်လောက်ပြီ......လူနည်းနည်းရှင်းတော့ ဇုန် ကျေနပ်မိတယ် ဇုန်က လူတွေများရင် မနေတတ်လို့ အောင်စားရင်း အတင်းတိုးဝှေ့ကြည့်စရာမလိုပဲ ဇုန်နာမည်လေးကို ရှာနေမိတယ် တနေရာအရောက် အကြည့်တွေရပ်လိုက်တော့
( ခုံနံပါတ်xxxxx)ရော "ဇုန်ပြည့်ကို" ဆိုတဲ့နာမည်လေးရောပေါ့
အိမ်ပြန်လမ်းမှာစက်ဘီးနင်းပြီပျော်ရမလား ငိုရမလား အတွေးများစွာနဲ့ပြန်အလာ.......
YOU ARE READING
စွန့်လွှတ်ခြင်းရဲ့နောက်ကွယ်
General Fiction❤️အချစ်က ဆန်းကြယ်တယ်တဲ့ 💛 ဟုတ်တယ် ဆန်းကြယ်တာပေါ့ ချာတိတ်မလေးနဲ့သာဆိုပျို့အချစ်ကဆန်းကြယ်လွန်းတယ်လေ 💟အချစ်က ရယူလိုတဲ့အချစ်မဟုတ်ဖူး စွန့်လွှတ်ခြင်းလို့ တင်စားနေပေမဲ့ အချစ်ထဲ အတ္တဆိုတာလေး 🖤နည်းနည်းရောက်သွားတဲ့အခါ ပျိုကို ပိုင်ဆိုင်ချင်မိတာ ဇုန်ဝန်ခံပ...