စွန့်လွှတ်ခြင်းရဲ့ နောက်ကွယ်
(အပိုင်း 10) gl fic
night ဆင်းတဲ့တစ်နေ့ နားချိန် ဇုန်နဲ့ လမ်းလျှောက်ရင်း
" မ" ဘာလို့ ၁၀တန်း ဆက်မဖြေတာလဲနှစ်ယောက်ထဲဆို ဇုန်လေးက "မ" လို့ ခေါ်တတ်ပေမဲ့
အလုပ်ထဲဆို ပျို လို့ပဲ ခေါ်တတ်တယ် အလိုက်သိတဲ့ ချစ်သူလေး😘ရည်းစားထားထားတော့ အချိန်မပေးနိူင်လို့
အယ့် တကယ်😏 .........ဟားးး 😂 စတာပါဇုန်လေးရယ်
၁၀တန်းနှစ်တုန်း ညီမလေး ယမင်းပျို က ဦးနှောက် မှာအနာဖြစ်လို့လေ ဆေးရုံတတ်ရတာ အဲ့နှစ်က စီးပွားရေး တော်တော်ကျသွားတာ အမေနဲ့အဖေက ယမင်းကို ပြုစုနေရတော့ "မ" က ဖိုးသားနဲ့ ဖိုးငယ်ကို ဂရုစိုက်ရတယ်
စာ အချိန်မှန်မကျက် ကျောင်းမှန်မှန်မတတ်နဲ့ မအောင်မှန်းသိတယ်လေအဲ့တော့ ဆယ်တန်းဖြေပြီးထဲက အလုပ်ဝင်လုပ်လိုက်တာပဲ
ပြန်မဖြေချင်ဖူးလား..... အဲ့ ဘာလဲ ဇုန်လေး ၁၀တန်းမအောင်လို့ ပညာတတ်မဟုတ်လို့ ထားခဲ့မလို့လား
ဟာ အဲ့လို မဟုတ်ပါဖူးနော် "မ" ဘာဖြစ်ဖြစ် ဇုန်က ဘယ်သူဘယ်ဝါမှန်း မသိခင်ထဲကိုက ချစ်ခဲ့တာပါ
ဒီတိုင်း သိချင်လို့ မေးကြည့်တာပျို လဲ ပြုံးကာ သိပါတယ်ကွယ် ဇုန်လေး "မ"ကို သိပ်ချစ်မှန်း
မဖြေချင်တော့ ပါဖူး အလုပ်လုပ်ပြီး ပိုက်ဆံ ရှာရတာ ကြိုက်နေပြီလေ
ဒါနဲ့ ဇုန် ဇုန်အဖေက သားသမီးတွေထဲမှာဇုန်ကို ပိုချစ်တယ်နော်
အင်း အဲ့လိုတော့မဟုတ်ဖူး ဇုန် အမနဲ့ ဇုန်ကအဖေ့စကားနားထောင်တယ်လေ အဲ့တော့ ပိုဂရုစိုက်တာ
အောက်က နှစ်ယောက်က အမေတူလို့တဲ့
အငယ်နှစ်ယောက်တော့ မပြောတတ်ဇုန် အောက်ကတစ်ယောက်က ၁၀တန်းနဲ့ ယောင်္ကျားယူတယ်လေ
အဲ့အောက်က ၈တန်းနဲ့ ကျောင်းထွက်တော့ အဖေက စိတ်တိုလို့ပါ ချစ်တော့ချစ်ပါတယ်အဖေက သိတဲ့အတိုင်း သူကိုယ်တိုင်လဲ အလုပ်အရမ်းလုပ်တော့
သားသမီးတွေကိုလဲ အရမ်းတိုးတတ်စေချင်တာ အမြော်အမြင်ကြီးတာပေါ့ ဇုန်သာ တစ်ခုခုလုပ်ချင်တယ်ပြောကြည့် သူအကုန်ထောက်ပံ့ပေးမှာ
ဇုန်က ကိုယ်တိုင်ပဲ အားကိုးချင်လို့
YOU ARE READING
စွန့်လွှတ်ခြင်းရဲ့နောက်ကွယ်
General Fiction❤️အချစ်က ဆန်းကြယ်တယ်တဲ့ 💛 ဟုတ်တယ် ဆန်းကြယ်တာပေါ့ ချာတိတ်မလေးနဲ့သာဆိုပျို့အချစ်ကဆန်းကြယ်လွန်းတယ်လေ 💟အချစ်က ရယူလိုတဲ့အချစ်မဟုတ်ဖူး စွန့်လွှတ်ခြင်းလို့ တင်စားနေပေမဲ့ အချစ်ထဲ အတ္တဆိုတာလေး 🖤နည်းနည်းရောက်သွားတဲ့အခါ ပျိုကို ပိုင်ဆိုင်ချင်မိတာ ဇုန်ဝန်ခံပ...