part 6

434 25 0
                                    

စွန့်လွှတ်ခြင်းရဲ့ နောက်ကွယ်

(အပိုင်း ၆)

ခဏလောက်ထိုင်ပြီး ပြန်ကြမယ်လေ  အခန်းရောက်ရင် ခဏနားပြီ ညနေ မှ ရင်ပြင်တော် နဲ့ ကျီးကန်းပါးစပ် ကို လည်ရအောင်   ကိုလင်းက ပြောတော့

ပျိုနဲ့ဖူးက ထောက်ခံကြတယ် ဇုန်ကတော့
ဘာမှမပြော

ပျို ဘယ်နေ့ပြန်မှာလဲ

မနက်ဖြန်မနက် ၂နာရီလောက် လမ်းလျှောက်ဆင်းပြန်မယ် ဖူးရေ  တောင်ခြေကကားပေါ် ၉နာရီ အရောက်  ဆိုတော့

မနက်၅နာရီလောက်မှထပြီးကားစီး မဆင်းဖူးလား ပျိုရယ်  ဇုန်က ပြောတော့

လမ်းလျှောက်ဆင်းတော့ ကုသိုလ်လဲပိုရသလို  ပျော်စရာလဲကောင်းတယ် ဇုန်ရဲ့  နော် ဆင်းမှာမလား

အင်းပါ အင်းပါ  အရပ်တွေတော့ တိုတော့မှာပဲ
အလုပ်တောင် ပြန်ဆင်းနိူင်ပါ့မလားပဲ  ဇုန် အပြောကြောင့်
၃ယောက်သား ဝိုင်းရီကြရင်း    ပျိုက ပါးကို အတင်းဆွဲလိမ်လေသည် ဒီချာတိတ် ပြောပုံကိုက

ဖူးတို့ရော ဘယ်တော့ပြန်မှာလဲ တူတူပြန်ကြမယ်လေ ပျို
တောင်ခြေထိ   okလေ ဖူး ရဲ့

ဒါဆို ခု ရှင်းကြရအောင်  ပိုက်ဆံရှင်းဖို့ ကောင်လေးကိုခေါ်လိုက်တယ် ဘယ်လောက်ကြလဲ
တစ်ပွဲ၇၀၀ ကျတယ်  ခေါက်ဆွဲက ၂၀၀ ကြက်ဥက၅၀၀ ပါ

အဲ့ ပျိုက ကလေး ဘာလို့ ကြက်ဥက ပိုစျေးကြီးရတာလဲ
အမကလဲ ကြက်ဥကို ကားနဲ့ ဒီတောင်ထိသယ်ရတာ မလွယ်ဖူး
ကွဲတတ်တယ်လေ အာ့ကြောင့် သားတို့ဆီမှာ ကြက်ဥက ပိုစျေးကြီးတာ   ၄ယောက်သား သဘောကျလျက်
  သြော် အေးပါဟယ်  အမ တို့ဆီမှာ ကြက်ဥက ပိုစျေးသက်သာလို့ မေးကြည့်တာပါ 
________××××××××______
အခန်းရောက်တော့  ပျိုက ရေချိုးပြီး  ထွက်လာတော့
ကလေး ညစ်ပတ်က ရေမချိုးပဲ အိပ်ပျော်နေပြီလေ

စောင်ခြုံပေးပြီး ဇုန်မျက်နှာလေးကို ကြည့်မိတော့ ဖြူစွပ်ပြီး
သာဘာဝဆန်ဆန် ဆွဲဆောင်မှုကြောင့် ပျိုလဲ အသည်းယားလို့ နဖူးလေးကို ငုံ့နမ်းလိုက်မိတယ်  ပြီးမှ  ဘေးနားမှာ ဝင်လှဲအိပ်လိုက်တယ်

စွန့်လွှတ်ခြင်းရဲ့နောက်ကွယ်Where stories live. Discover now