စွန့်လွှတ်ခြင်းရဲ့ နောက်ကွယ်
( အပိုင်း ၅)
ကားကြီးက တအိအိမောင်းလာတာ ကြာလာသလို
နာရီကို ကြည့်တော့ 11ကျော်နေပြီး အေးစိမ့်စိမ့်ဖြစ်လာလို့
ခါးက အနွေးထည်လေး ဖြုတ်ပြီး ပြတင်းပေါက်ဘက် ငေးနေတဲ့ ဇုန်ကို မအေးဖူးလား အနွေးထည်လေး ဝတ်ထားလို့ပြောကာ ပေးလိုက်တော့ဇုန်က မအီမသာရုပ်လေးနဲ့ လှည့်လာသည် ပျိုလဲ စိုးရိန်ကာ
မျက်နှာလေးကဘာဖြစ်လို့လဲ ကလေး ပြောလဲပြော အနွေးထည်လေးကို ကိုယ်တိုင် ဝတ်ပေးနေမိသည်ဇုန်က လေသံတိုးတိုးနဲ့ ဘာမှဖြစ်ပါဖူး ကားစီးရင် ဒီလိုပဲဖြစ်နေကြပါ ...
ကားမူးတာထင်တယ် ပျို မတ်တတ်ထရပ်ပြီး ကျောပိုးအိပ်ဘေးထဲက ဦးထုတ် ၂လုံးထုပ်ပြီး
ရူဆေး လေးပါယူလိုက်တယ်ဦးထုပ်ကို နားရွက်မအုပ်တအုပ်လေးထိ ဆောင်းပေးပြီး ရှူဆေးလေး နှာခေါင်းနား ထိုးပေးလာတယ် ဇုန်လဲ လှမ်းယူပြီး ခဏ ရှူလိုက်တယ် ပျို ကိုကြည့်တော့ ပျိုလဲ အနွေးထည် အပြည့်စုံဝတ်ပြီး ဖုန်းထဲက သီချင်းဖွင့် နားကျပ်လေး တပ်ကာ
ဇုန် နားလေးထဲပါ တစ်ဖတ် လာထည့်ပေးတယ်လေ ပြီးတော့ပုခုံးပေါ် ခေါင်းမှီထားရန် ပြပြီး အိပ်ချင်လဲ အိပ်လိုက် နော်တဲ့
ဇုန် တစ်ယောက် ပီတိတွေ ဖြာရင်း လက်နှစ်ဖတ်နဲ့ပါ ပျို ခါးလေးကို ရှေ့နဲ့နောက်သိုင်းဖတ်ပြီး ပုခုံးပေါ်မှီထားလိုက်မိသည် ပျိုကတော့ ဖုန်းဆီသာ အာရုံရောက်နေပြီဇုန် ပျိုရဲ့ မိတ်ကပ်မပါပဲရှင်းလင်းဖြူဖွေးနေတဲ့မျက်နှာလေးကို ခိုးကြည့်ရင်း ပါးလေးကို ဖိကပ် နမ်းလိုက်မိတယ် နမ်းချင်စိတ်ကို မထိန်းချုပ်နိူင်ခဲ့ဖူး
ရုတ်တရတ် ပါးပေါ်ကို နွေးနွေးလေး ဖြစ်သွားလို့ အံ့အားသင့်သွားပေမဲ့ ချစ်ရသူက ပေးတဲ့ အနမ်းမှန်းသိတော့ ငြိမ်နေမိတာပေါ့ စိတ်ထဲကလဲ အရမ်းကြည်နူးနေတာလေ
ပျို ပါးလေးပေါ်က အနွေးဓာတ်လေး ပျောက်သွားမှ
ခေါင်းလေး ငုံကြည့်မိတော့ ပုခုံးပေါ် မျက်နှာကြီး အပ်ပြီး
ရှက်နေတဲ့ ကလေးရယ် ပျိုလဲ သူ့ကိုစချင်လာတာနဲ့
YOU ARE READING
စွန့်လွှတ်ခြင်းရဲ့နောက်ကွယ်
General Fiction❤️အချစ်က ဆန်းကြယ်တယ်တဲ့ 💛 ဟုတ်တယ် ဆန်းကြယ်တာပေါ့ ချာတိတ်မလေးနဲ့သာဆိုပျို့အချစ်ကဆန်းကြယ်လွန်းတယ်လေ 💟အချစ်က ရယူလိုတဲ့အချစ်မဟုတ်ဖူး စွန့်လွှတ်ခြင်းလို့ တင်စားနေပေမဲ့ အချစ်ထဲ အတ္တဆိုတာလေး 🖤နည်းနည်းရောက်သွားတဲ့အခါ ပျိုကို ပိုင်ဆိုင်ချင်မိတာ ဇုန်ဝန်ခံပ...