စွန့်လွှတ်ခြင်းရဲ့ နောက်ကွယ်
part 13 (gl fic)
ရပ်လိုက် ဇုန် ထွက်သွားခွင့်မပေးနိူင်ဖူး
နေရာတင်ရပ်မိပြန်တယ်
ရင့်လိုက်တာ သူ့က အမိန့်ပေးနေတာလား
ဒီ အမျိုးသမီးကို ငါ့က ဘာလို့ လွန်ဆန် မရတာလဲကွာပျို ကလေးကို စိတ်တိုလို့အော်လိုက်မိတယ် အော်ခွင့်မရှိပေမဲ့ စိတ်မထိန်းနိူင်တော့လို့
တကယ်ကိုလေ စိတ်တိုဖို့ကောင်းလို့ ပျို ကို တမင်ရှောင်နေတာ ပျိုသိတာပေါ့Meeting ဆို တစ်ခါမှ တတ်ဖို့ မပျက်ကွက်တဲ့ သူက
ပျို ရှိမှ အရေးသိပ်မကြီးတဲ့ အလုပ်တွေကို အကြောင်းပြပြီး
ပျက်ကွက်သလို တစ်နေကုန်လဲ ရုံးခန်းထဲ ဖင်ပူအောင် မနေပဲ
တခြားသူ ခိုင်းလို့ရတဲ့ဟာတွေ သူကိုယ်တိုင် လိုက်လုပ်နေတာနေ့လည်က သူလေး ရုံးခန်းထဲ ဝင်လာတော့ ပျို သူလေးဆီ သွားဖို့လုပ်တော့ ကောင်မလေးတစ်ယောက်က သူရုံးခန်းထဲ
ပိုင်စိုးပိုင်းနင်း ဝင်ကာ စကားတွေပြောနေတာများ ဖောင်ဖွဲ့လို့
အဲ့ကလေးမလေးကို ခေါင်းလေးပုတ်ကာ ဘာတွေ ပြောနေမှန်းမသိပေမဲ့ ဇုန် ပြုံးနေလိုက်တာများ....
ပျို မှာတော့ ပူလောင်နေရတာဒါကြောင့် ပျို စိတ်မထိန်းနိူင်တော့ဖူးလေ စိတ်ထဲလဲ နေလို့မကောင်းလွန်းလို့ ပျို မိုးစချုပ်ထဲက ဖူးဆီရောက်နေခဲ့တာ ဒီရောက်မှ ဖူးက နင့်ကလေး လာမယ်ပြောတယ်ဆိုလို့ စောင့်နေခဲ့တာ
ခုလဲ ထွက်ပြေးဖို့ ကြံနေတော့ ပျို အော်လိုက်မိတယ်
ထိုင်လိုက်ပါ ဇုန်ရယ် ပျို ညနေစောင်းရောက်ထဲက သောက်နေတာ ငါ မေးတော့လဲ သောက်ချင်လို့တဲ့
ပျို နဲ့စကားပြောနေအုံး....... ဖူး တစ်ခြားသူတွေကို ဧည့်ခံပြီး ပြန်လာခဲ့မယ်လေနော်ဇုန် လဲ မျက်နှာချင်းဆိုင် ဆိုဖာမှာ ဝင်ထိုင်ပြီး ဘာစကားမှမပြောပဲ ဖန်ခွက် အလွတ်ထဲ အရက်ကို ငှဲ့ကာ ရေခဲတစ်တုံး ထည့်ပြီး
တစ်ကျိုက်ထဲ မော့သောက်လိုက်တယ် ပြီးတော့
ဆေးလိပ်ဘူးကို ထုပ်ကာ တစ်လိပ်ယူပြီး မီးညှိကာ
တစ်ရှိုက်ကို ခံနိုင်လောက်တဲ့ထိကြာရှည်စွာ ရှိုက်ပြီး ပြန်ရှိုက်ထုပ်လိုက်တယ်
YOU ARE READING
စွန့်လွှတ်ခြင်းရဲ့နောက်ကွယ်
General Fiction❤️အချစ်က ဆန်းကြယ်တယ်တဲ့ 💛 ဟုတ်တယ် ဆန်းကြယ်တာပေါ့ ချာတိတ်မလေးနဲ့သာဆိုပျို့အချစ်ကဆန်းကြယ်လွန်းတယ်လေ 💟အချစ်က ရယူလိုတဲ့အချစ်မဟုတ်ဖူး စွန့်လွှတ်ခြင်းလို့ တင်စားနေပေမဲ့ အချစ်ထဲ အတ္တဆိုတာလေး 🖤နည်းနည်းရောက်သွားတဲ့အခါ ပျိုကို ပိုင်ဆိုင်ချင်မိတာ ဇုန်ဝန်ခံပ...