part 12

487 26 0
                                    

စွန့်လွှတ်ခြင်းရဲ့ နောက်ကွယ်

part 12 (gl fic)

မနက် ၆နာရီဆို ဇုန် အိပ်ယာ ပုံမှန်ထလေ့ရှိတယ်
အိပ်ယာပေါ်က ထရင်း ကုတင်ခြေရင်း နံရံက
နှစ်ယောက်တွဲဓာတ်ပုံ   နားသွားကာ   ပုံ ထဲက ချစ်ရသောအမျိုးသမီး မျက်နှာလေးကို ဖွဖွလေးကိုင်ရင်း

morning "ပျို" နေကောင်းရဲ့လား ဒီပုံထဲကလိုရော လှနေတုန်းလား  မလှလောက်တော့ပါဖူး ကလေးတွေ မွေးပြီး ခန္ဓာကိုယ်တွေ ဝနေလောက်မှာပေါ့   ခုချိန်ဆို ကလေး ၃ယောက်လောက်တော့ ရနေလောက်မှာနော်

မတွေ့ရတာ 8နှစ်လောက်ရှိပြီ ပျို ရယ် ဇုန် မေ့လို့မရသေးဖူး
အချိန်ကြာလို့ မေ့သွားတတ်တဲ့ အချစ်တွေထဲ ဇုန် အချစ်တွေ မပါခဲ့ဖူး  ခုချိန်ထိ ပျို ကို ချစ်မိနေတုန်းပဲ  ဘယ်တော့မှ မပိုင်ဆိုင်ရတော့မှန်းသိပေမဲ့   ခုချိန်ထိ ရင်နာနာနဲ့သာ မျှော်လင့်နေမိတယ်

ဇုန် တစ်ယောက်ထဲ စကားပြောနေတုန်း ဖုန်းသံထမြည်လာတော့  နည်းနည်း စိတ်ရှုပ်သွားပေမဲ့
ဖုန်းကိုင်လိုက်ရသည် ဟဲလို  ......ဟဲလို "မမ"  မေသော်နဲ့ မနက်စာ အတူ စားရအောင်လား ခု မေသော် ကားမောင်း လာပြီ "မမ" အခန်းကို တတ်မလာတော့ဖူး" မမ"အောက်ဆင်းခဲ့ ...

ဇုန်နံရံက နာရီကို လှမ်းကြည့်ရင်း  ok လေ မေသော်
အလုပ်သွားဖို့ အချိန်က လိုသေးတယ်
မေသော် ၁နာရီလောက်ပဲအချိန် ရမယ်နော်

အင်းပါ အင်းပါ ...
မေသော် ဆိုတာ Japanမှာအလုပ်လုပ်တုန်းက ဇုန်ထက် 3နှစ်လောက်ငယ်တဲ့ ဂျူနီယာလေးပေါ့  

ဇုန် ရေချိုးပြီး ရှပ်အင်္ကျီအဖြူလက်တိုနဲ့ wide leg pantကို ကောက်စွပ်ပြီး ထွက်လာခဲ့တော့တယ်......

{***သူများတွေ လူကိုလူနဲ့ အစားထိုးချစ်ကြပေမဲ့ ဇုန် ပျို နေရာမှာ တစ်ခြားသူကို အစားထိုးမရ
အမြဲတမ်း တစ်ယောက်ထဲသာနေတတ်တဲ့ဇုန်က ပျိုကို သတိရတိုင်း ရင်ထဲမှာ မွန်းကျပ်လာတိုင်း ညဘက်တွေ အိပ်မပျော်တိုင်း  ဇုန် အရက်နဲ့ဆေးလိပ်ကို အစားထိုးကာ နှစ်နှစ်ခြိုက်ခြိုက်သောက်သုံးခဲ့တယ်
လွန်လွန်ကြူးကြူးတော့ မလုပ်တတ်ပါ
 
သူဌေးအတွက် အလုပ်လုပ်ပေးရအုံးမယ်
ဇုန် မြန်မာပြည် ပြန်လာထဲက သူဌေးရဲ့ အထောက်အပံ့နဲ့ ဒီကွန်ဒိုနဲ့ ကားကို ပေးထားတယ်လေ

စွန့်လွှတ်ခြင်းရဲ့နောက်ကွယ်Where stories live. Discover now