part 8

411 24 0
                                    

စွန့်လွှတ်ခြင်းရဲ့ နောက်ကွယ်

( part 8)

ဇုန် တစ်ယောက် ကိုလင်းစပ်ပေးတဲ့ အရက် ခွက်ကို
တစ်ကျိုက်ထဲ မော့ချလိုက်တယ်  ချိုချိုလေးနဲ့ ချောင်းဆိုးပျောက်ဆေးအနံ့လိုမွှေးနေတော့

ကိုလင်း အရက်ရော ဟုတ်ရဲ့လား

ဟင် အရက်ပါ ဇုန်ရဲ့  ဇုန်ပဲ အဝင်မဆိုးတာဆို
အဲ့တော့ ဒါလေးက အဆင်ပြေတာပေါ့

မူးရောမူးပါ့မလား  မူးချင်တာ ကိုလင်းရာ လောက ကြီးပါမေ့သွားအောင် ကို မူးချင်တာ 

နောင်က အရက်ကို နည်းနည်းမော့သောက်ပြီး  ဇုန် နင်ဘာဖြစ်နေလဲ ပြောပြလေ  နင့် တစ်ခါမှ မသောက်ဖူးတဲ့ အရက်ကို သောက်တဲ့ထိ နင် ဘာဖြစ်နေတာလဲ

ဇုန်ကတော့  ၃ခွက် တိတိ ဝင်နေပြီ ကိုလင်းကလဲ ဘေးက ထိုင်ပြီး တစ်ခွက်ပြီးရင် တစ်ခွက်  စပ်ပေးလေရဲ့

ဇုန် က   အရက်ခွက်ကို ချရင်း သူ ခံစားနေရတာတွေ ဖွင့်ထုတ်လိုက်တယ်  ပြောနေရင်းကို သောက်တာ တစ်ခွက်ထပ်ကုန်ပြန်ပြီ

ကိုလင်းက ပျိုကို ရော မမေးကြည့်ဖူးလား ဇုန်
သဝန်တိုပြီး အထင်မှားတာဆိုရင် နှစ်ယောက်လုံးတွက်မကောင်းဖူးနော်

အေးလေ ဇုန် နင်က လဲ မမပျို က အဲ့လို မလုပ်လောက်ပါဖူး

ငါ လဲ မသိတော့ဖူးဟာ  ငါ ပျိုကို မမေးရဲသလို  သူ့ဆီက ဟုတ်တယ် ဆိုတဲ့ စကားကို ကြားရဲတဲ့ သတ္တိ ငါ့မှာမရှိဖူး

မဟုတ်ဖူးလို့...... တွေးရအောင်လဲ ငါ အမြင်မမှားဖူး ငါသေသေချာချာ မြင်လိုက်တာ အဲ့လူ က ပျို့ ဆံပင်တွေကို
သပ်ပေးနေတာ  ..... ဆိုပြီး ..မျက်ရည်တွေကျကာ ငိုတော့သည်

ကိုလင်းရော နောင်ပါ သက်ပြင်းချရင်း 

နောင်က တော်တော့ဇုန် ဆက်မသောက်နဲ့တော့ နင် များနေပြီ

များပါစေဟာ ငါ သောက်ချင်သေးတယ် ငါ စိတ်ထဲ မှာ ပျိုဆိုတာ မရှိတော့လောက်တဲ့ထိ သောက်ပစ်မှာ
နင် ငါ့ကို လာမတားနဲ့ နောင် 

နောင်လဲ ခေါင်းခါရင်း  ကိုလင်းကလဲ  ဘာမှ မပြောတော့

______×××××××_____××

စွန့်လွှတ်ခြင်းရဲ့နောက်ကွယ်Where stories live. Discover now