part 9

400 19 0
                                    

စွန့်လွှတ်ခြင်းရဲ့ နောက်ကွယ်

(part 9) gl fic

ဇုန် ကို ပြန်ချစ်တာလား အဖြေပြန်ပေးတာလား .......
ပျို လက်လေးတစ်ရွေ့ရွေ့လှုပ်ရှားလာရင်း ဇုန်ခါးလေးကို
ဖတ်ကာ ရင်ခွင်ထဲ....
တဖြည်းဖြည်းတိုးဝင်လာရင်း ...ချစ်တယ်ဇုန် အရမ်းချစ်နေမိတာ ....... ပျိုလဲ အတင်းဖတ်ထားသလို
ဇုန်ကလဲ ပြန်ဖတ်ထားရင်း ဇုန်လဲ ချစ်တယ်  ပိုချစ်တယ် ပျို......

ခဏလောက် ဖတ်ထားပြီး... မနက်စာ စားရအောင် ဇုန်
ဗိုက်ဆာနေပြီမလား  လာ သွားစားရအောင်

ပျိုတစ်ယောက် ဇုန် လက်လေး ကိုဆွဲရင်းခေါ်တော့
နောက်က လိုက်တဲ့ ဇုန်က ခုန်ပေါက်ကာ လိုက်လာလေသည်
ဘယ်လိုဖြစ်နေတာလဲကွယ် အိမ်ပြိုပါအုံးမယ်...

ဟဲဟဲ ပျော်လို့ပါ ပျိုရယ် မယုံနိူင်လွန်းလို့
မနေ့ကတော့ ဇုန် ပျိုကို ဆုံးရှုံးရပြီထင်နေတာ  ရင်ထဲကို မွန်းကျပ်ပြီး  သေပစ်လိုက်ချင်တာ

ပျို ထမင်းပန်ကန်ကို ချပေးရင်း  ရှင့်ဘာသာတွေးပြီး
ရှင့်ဘာသာဆုံးဖြတ်ပြီး  တစ်ယောက်ထဲ ဖြစ်ချင်တိုင်းဖြစ်နေတာလေ  ပျို ပြောရင်း
ဇုန် နဲ့ မျက်နှာချင်းဆိုင် ထမင်းဝိုင်းထဲဝင်ထိုင်လေသည်

မေးပါလား ပျိုအနားမှာနေတာလဲ ကြာနေပြီကို ပျိုစိတ်ကို နားမလည်ဖူးလား မရိပ်မိဖူးလား ဇုန်  အရက်ပါသောက်သေး
ခံနိူင်ရည်မရှိပဲ မူးရူးပြီး ပြောချင်ရာ ပြောသေးတယ်

ဇုန် တစ်တွတ်တွတ်ပြောနေတဲ့ပျို ကို လှမ်းကြည့်ကာ  ပြုံးရင်း
အိမ်မတ်မတ်နေတာလားကွာ ဒီလို ချစ်စရာကောင်းတဲ့ ကောင်မလေး က ဇုန် ချစ်သူလေးဆိုတာ မယုံကြည်နိူင်သေး

ဟိတ် ကလေး စားလေ ဘာတွေပြုံးပြီးအတွေးလွန်နေတာလဲ

အရမ်းပျော်လို့  ခုထိ ရင်ခုန်နေတာ အိမ်မတ်မတ်နေတာ ထင်လို့လေ......  အပိုတွေ စား စား 

အလုပ်လဲ ပျက်ရပြီ  ဇုန်

အာာာ ပျိုကလဲ တစ်ခါတစ်လေ ပျက်တာပဲ
ခုမှ ချစ်သူရလို့ ကြည်နူးနေတာကို အလုပ်အကြောင်း မပြောနဲ့

အမလေး ဟုတ်ပါပြီရှင့်  

ပျို ဒီနေ့ နားလက်စနဲ့ ဒိတ်ကြရအောင်  

စွန့်လွှတ်ခြင်းရဲ့နောက်ကွယ်Where stories live. Discover now