part end

1.4K 50 1
                                    

စွန့်လွှတ်ခြင်းရဲ့ နောက်ကွယ်

(part 15 ဇာတ်သိမ်းပိုင်း) gl fic

လူနာက အားအရမ်းနည်းနေတာပဲ အနားယူဖို့ လိုတယ်နော် အိပ်ဆေးတွေ အလွန်အကျွံ သောက်ထားတဲ့အရှိန်ကြောင့် အဖျားဝင်သွားတာပါ ဆေးထိုးပေးခဲ့မယ် သတိထားပြီးစောင့်ကြည့်ပေးပါ

အိပ်ဆေးအရှိန်က မပျောက်သေးတော့ သူမခံနိူင်ရင် အဖျားကြီးနိူင်တယ်

အဖျားတတ်လာရင် ရေပတ်လေးတိုက် အစာလေးဝင်အောင်ကျွေးပြီးဒီဆေးလေးတိုက်လိုက်ပါ

လူနာက စိတ်ဖိစီးမှု များတယ်ထင်တယ် ဒီရက်ပိုင်း အိမ်မှာပဲ အနားယူမှရမယ်

ဟုတ်ကဲ့ ဒေါက်တာ

ဒေါက်တာ ပြန်သွားတော့ ပျို လဲ သူရကို ဖုန်းဆက်ကာ ဇုန်နဲ့ပျို အလုပ်ခဏနားမယ်ဖြစ်ပြီး အရေးကြီးကိစ္စရှိရင် ဖုန်းဆက်ပေးပါဆိုပြီး ပြောထားလိုက်တယ်

ကလေး နားမှာ တစ်နေကုန်နေပြီးမှ ညနေစာ အတွက် တစ်ခုခု စီစဥ်ပြီး အခန်းထဲ ပြန်ဝင်လာတော့

ဟဲ့ ကလေး ဘာလို့ အတင်းထနေတာလဲ မထနိူင်ရင် လှဲနေလေ

ဇုန် ဘာမှမဖြစ်တော့ပါဖူး" မ"ရဲ့

အမယ် ဘာလို့ မဖြစ်ရမှာလဲ ခုတောင်မထနိူင်ပဲ အသံကလဲ အားမရှိတဲ့အသံ
ဒီနေ့က စပြီး အနားယူလိုက် ၃ရက် လောက်
ဇုန် အခန်းလဲ မပြန်နဲ့ ဒီမှာ" မ"နဲ့ပဲနေ

"မ" ကလဲ ....... ဘာမှမပြောနဲ့တော့ "မ" ပြောသလိုသာလုပ်

ဇုန် လဲ ဘာမှ မပြောတော့

ယူလာတဲ့ ဆန်ပြုတ်ကို မှုတ်ကာ ခွံ့ပေးတော့ ခေါင်းလေးခါပြန်တယ် စားပါ ကလေးရယ် မနေ့ကထဲက အစာမစားထားလို့ အားတောင်မရှိဖူးမလား

စားချင်စိတ်မရှိလို့ "မ"

ခု ဒါလေးစားလိုက် ပြီးရင် ဆေးသောက်ပြီး အိပ်လိုက်ရင် နေလို့ကောင်းသွားလိမ့်မယ်နော်

ဟုတ်ကဲ့ "မ"

အဲ့တော့မှ ပါးစပ်လေး ဟပေးတော့တယ်

****လေသံလေးသာ ထွက်တော့တဲ့ ကလေး ပျို စိတ်ထဲ မကောင်းမိ နေမကောင်းလို့ ဘယ်လောက်တောင် နေရထိုင်ရမကောင်းဖြစ်နေမလဲကွယ်*****

You've reached the end of published parts.

⏰ Last updated: Nov 07, 2021 ⏰

Add this story to your Library to get notified about new parts!

စွန့်လွှတ်ခြင်းရဲ့နောက်ကွယ်Where stories live. Discover now